ကိုပါအမေရိကဖလားဗိုလ်လုပွဲမှာ ရှာကီရာ လာရောက်ဖျော်ဖြေမယ်

Author မောင်ရှမ်း
Categories
Published on Jul 12, 2024

ကိုလံဘီယာသူ နာမည်ကျော် တေးသံရှင် ရှာကီရာဟာ အာဂျင်တီးနားနဲ့ ကိုလံဘီယာတို့ရဲ့ ၂၀၂၄ ကိုပါအမေရိကဖလား ဗိုလ်လုပွဲမှာ လာရောက်ဖျော်ဖြေမယ်လို့ သိရပါတယ်။

 

အဲဒီပွဲစဉ်ကို ဇူလိုင်လ ၁၅ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၆ နာရီ ၃၀ မိနစ်မှာ ကစားကြမှာပါ။

 

ကိုပါဖိုင်နယ်ပွဲကို အမေရိကန်ပြည်ထောင်စု၊ မိုင်ယာမီမှာရှိတဲ့ Hard Rock Stadium မှာ ကျင်းပသွားမှာပါ။

 

အဲဒီပွဲစဉ်ရဲ့ ပထမပိုင်းအပြီး ရပ်နားချိန် ၁၅ မိနစ်အတွင်း ရှာကီရာက သီဆိုဖျော်ဖြေသွားမှာဖြစ်ပါတယ်။ ရှာကီရာရဲ့ သီချင်းတွေဟာ ဘောလုံးလောကမှာ ကျော်ကြားခဲ့ပြီး ၂၀ဝ၆ ဂျာမနီကမ္ဘာ့ဖလားတုန်းက Hips Don’t Lie နဲ့ ၂၀၁၀ တောင်အာဖရိကဖလားပြိုင်ပွဲမှာ သီဆိုခဲ့တဲ့ Waka Waka သီချင်းတို့ဟာ ပရိသတ်အကြိုက်ဖြစ်ခဲ့တာပါ။

 

ဒီနှစ် ကိုပါအမေရိကဖလားပြိုင်ပွဲရဲ့ Official သီချင်းအဖြစ် သတ်မှတ်ပေးထားတာကလည်း ရှာကီရာနဲ့ Cardi B တို့ တွဲဖက်သီဆိုထားတဲ့ Punteria ဖြစ်ပါတယ်။

 

တိုက်တိုက်ဆိုင်ဆိုင်ပဲ ရှာကီရာရဲ့ ကိုလံဘီယာအသင်းဟာ ၂၀ဝ၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကိုပါအမေရိကဖလားရဲ့ ဗိုလ်လုပွဲအဆင့်ကို ပြန်လည်တက်လှမ်းလာနိုင်ခဲ့တာပါ။

 

ဓာတ်ပုံ – Copa America