ရန်ကုန် City Mall တွင် စက်လှေခါးထဲ ခြေထောက်ညှပ်သည့်ကလေးငယ် ဒဏ်ရာမပြင်းထန်

Author ကိုထက်
Categories
Published on Apr 12, 2024

ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ပြည်လမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်ရှိ City Mall St.John တွင် အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ယမန်နေ့ ဧပြီ ၁၁ ရက် နေ့လယ်ပိုင်းက စက်လှေခါးထဲခြေထောက်ညပ်မှု ဖြစ်ပွားခဲ့သည်။

 

ယနေ့ မိန်းကလေးငယ်၏ အခြေအနေကို CJ Platform သတင်းဌာနက ကူညီပေးခဲ့သော ဆုံဆည်းရာပရဟိတအဖွဲ့ထံသို့ စုံစမ်းမေးမြန်းခဲ့ရာတွင် ဒဏ်ရာမပြင်းထန်ဘဲ ခြေထောက်စုတ်ပြဲဒဏ်ရာသာရရှိခဲ့‌ကြောင်း သိရသည်။

 

“ကလေးကသူ့အဖေနဲ့ အပေါ်က ကစားကွင်းမှာတက်ဆော့လို့အပြီး အောက်ဆင်းရင်းနဲ့ ညပ်သွားတာလို့ ပြောတယ်။ ဖြစ်ဖြစ်ချင်း စက်ကိုပိတ်လိုက်ပြီး ကယ်တာဖြစ်လို့ စုတ်ပြဲဒဏ်ရာပဲရပါတယ်” ဟု ဆုံဆည်းရာပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ကျောက်တံတားမြို့နယ်မီးသတ်တပ်ဖွဲ့မှ ယမန်နေ့ ၃ နာရီ ၁၀ မိနစ်ခန့်မှစတင်၍ မိနစ် ၃၀ ခန့်ကြာ ၃ နာရီ ၄၀ မိနစ်ခန့်အထိ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့ပြီးနောက် ဆုံဆည်းရာပရဟိတအဖွဲ့က ရန်ကုန်ဆေးရုံကြီးသို့ သွားရောက်ပို့ဆောင်ခဲ့သည်။

 

ဓာတ်ပုံ – MFSD

 

Related News

Depend on news