အမှန်ကိုကြည့်နိုင်သော မျက်လုံးတစ်စုံ

အသံပြဇာတ် ပြိုင်ပွဲဝင် အမှတ်(၂)
အသံပြဇာတ်ခေါင်းစဉ် = “အမှန်ကိုကြည့်နိုင်သော မျက်လုံးတစ်စုံ”
အဖွဲ့အမည် = စုစည်းမှုဖြင့် အလင်းသစ်ဆီ“သံချပ်တွေကို ကျော်လွန်ပြီး အနာဂတ်ဆီ”
အသံပြဇာတ် ပြိုင်ပွဲ ဟာ CJ Platform ရဲ့ “Gen α တို့အတွေးအမြင်” အစီအစဉ်နဲ့ Home Vocational Training Center တို့ ပူးပေါင်း တင်ဆက် လုပ်ဆောင်တာပဲဖြစ်ပါတယ်။အသံပြဇာတ်ပြိုင်ပွဲ ဝင်ရောက်တဲ့ လူငယ်တွေဟာ ကြားကာလပြည်သူ့ပညာရေးကျောင်းတွေမှာ တက်ရောက် ပညာသင်ကြားနေကြတဲ့ CDM ကျောင်းသူ၊ကျောင်းသားတွေပဲဖြစ်ပါတယ်။ အခု ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင် အဖွဲ့ပေါင်း (၁၃)ဖွဲ့က ဝင်ရောက် ယှဉ်ပြိုင်ထားတာပါ။
ပြိုင်ပွဲဝင်အဖွဲ့တွေရဲ့ အသံပြဇာတ်တွေကိုတော့ တစ်နေ့ကို တစ်ပုဒ်နှုန်းနဲ့ CJ Platform ရဲ့ Facebook ၊ YouTube ၊ Website တို့ကနေ မတ်လ ၁၁ရက်ကနေ့ ၂၃ရက်နေ့ထိ နေ့စဉ် ညနေ (၅)နာရီမှာ ထုတ်လွှင့်ပြသသွားမှာပဲ ဖြစ်ပါတယ်။ဖက်ဆစ်တော်လှန်ရေးနေ့ မတ်လ ၂၇ရက်နေ့မှာတော့ ပြိုင်ပွဲ အသံပြဇာတ် (၁၃)ပုဒ်လုံးကို မနက် (၉)နာရီမှ စတင်ကာ CJ Platform ရဲ့ Facebook ၊ YouTube တို့မှာ တိုက်ရိုက် ထုတ်လွှင့်ပြီး နားသောတဆင်ခဲ့ကြတဲ့ မိဘပြည်သူတွေအနေနဲ့လည်း ကိုယ်ကြိုက်နှစ်သက်ရာ အဖွဲ့ကို Voting ပေး ရွေးချယ်နိုင်မှာပဲဖြစ်ပါတယ်။ပြိုင်ပွဲကိုတော့ မတ်လ ၁၁ရက်နေ့ကနေ ၃၁ရက်နေ့ ညနေ (၅)နာရီထိ ယှဉ်ပြိုင်ကျင်းပပြီး ဧပြီလ ၂ရက်နေ့မှာ ဆုတွေ ချီးမြှင့်သွားမှာပဲဖြစ်ပါတယ်။
ဆုတွေအဖြစ်
၁။ Facebook မှာ Like ၊ Comment ၊ Shares အများဆုံး ရရှိတဲ့ အဖွဲ့အတွက် ဆုတစ်ဆု
၂။ Views အများဆုံး ရရှိတဲ့ အဖွဲ့အတွက် ဆုတစ်ဆု
၃။ Voting အများဆုံး ရရှိတဲ့ အဖွဲ့အတွက် ဆုတစ်ဆု ကို ပေးအပ်သွားမှာပဲဖြစ်ပါတယ်။
CJ Platform ကို အစဉ်တစိုက် အားပေးနေကြတဲ့ မိဘပြည်သူတွေကလည်း ပြိုင်ပွဲဝင် ကျောင်းသူ၊ကျောင်းသားတွေနဲ့ ကြားကာလပညာရေးကျောင်းတွေကို ဆုငွေချီးမြှင့်လိုတာ ကူညီလှူဒါန်းလိုတာရှိပါက ပါဝင်နိုင်ဖို့အတွက် အသံပြဇာတ် ဗီဒီယိုလေးတွေရဲ့ နောက်ဆုံးမှာထည့်သွင်း တင်ဆက်ထားတဲ့ Home Vocational Training Center ရဲ့ NUG Pay QR လေးကို QR ဖတ်ပြီး ပါဝင်အားဖြည့်နိုင်ပါတယ်။
“သံချပ်တွေကို ကျော်လွန်ပြီး အနာဂတ်ဆီ” ဆိုတဲ့ ခေါင်းစဉ် အပါအဝင် ပြိုင်ပွဲဝင် အသံပြဇာတ်တွေဟာ Gen α တို့ရဲ့ အတွေးအမြင်တွေနဲ့ သူတို့ကိုယ်တိုင် ရေးသား၊ တည်းဖြတ်၊ သရုပ်ဖော်ထားကြတာဖြစ်ပြီး CJ Platform ရဲ့ အာဘော် ပါဝင်မှု မရှိပါကြောင်းလည်း အသိပေးလိုပါတယ်။