စစ်ကောင်စီတပ်က ဒုတပ်ကြပ်တစ်ဦး KPLA ထံ လက်နက်တွေနဲ့ အလင်းဝင်လာ ဆုငွေ သိန်း၂၀ ချီးမြှင့်ခံရ

Author CJ Platform
Categories
Published on Feb 12, 2025

မန္တလေးတိုင်း မိတ္ထီလာမြို့ ရထပ (၁) အမှတ်(၁) ရှေ့တန်းအခြေချ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းက ဒုတပ်ကြပ် မင်းခန့်ကျော်ဟာ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (KPLA-၉၄၂၅ )တပ်ရင်းဆီကို လက်နက်တွေနဲ့တကွ အလင်းဝင်ရောက်လာခဲ့တယ်လို့ KPLA က ဒီကနေ့ ဖေဖေါ်ဝါရီ ၁၂ရက်နေ့မှာ ထုတ်ပြန်လာခဲ့ပါတယ်။

အလင်းဝင်ရောက်ချိန်မှာ ဒုတပ်ကြပ် မင်းခန့်ကျော်ဟာ G-3 (BA-72) ၁လက် ၊ ကျည်အိမ် (၃) ဘောက် နှင့် ကျည်ဆံ ၁၂၀ တောင့်ကိုပါ ယူဆောင်လာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (KNPLF)က ဆုငွေ သိန်း(၂၀) ချီးမြှင့်ခဲ့ပြီး KPLA-၉၄၂၅ တပ်ရင်းက ဒုတပ်ကြပ် မင်းခန့်ကျော်ကို လိုအပ်သည့် အကူညီတွေ ပံ့ပိုးပေးပြီး လုံခြုံစိတ်ချရတဲ့နေရာကို ပို့ဆောင်ပေးထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။