“ဒီတစ်ပတ် စက်သုံးဆီအခြေအနေ” (ဇန်နဝါရီ ၆ ရက်ကနေ ၁၁ ရက်နေ့အထိ)

Published on Jan 12, 2025

“တစ်လီတာ ၁၀၀ ကျော်မြင့်တက်လာတဲ့ စက်သုံးဆီဈေး”

 

သွင်းကုန်လုပ်ငန်းရှင်တွေကို နိုင်ငံခြားငွေသုံးပတ်ဆက်ရောင်းပေးမယ်လို့မကြေညာခဲ့ပြီးနောက် စက်သုံးဆီဈေးနှုန်းတွေ အမြင့်ဆုံးအနေနဲ့ တစ်လီတာကို ၁၁၅ ကျပ်အထိမြင့်တက်လာပါတယ်။

 

ဒီတစ်ပတ်ထဲမှာ ရိုးရိုးဒီဇယ်တစ်လီတာကို ၉၅ ကျပ်၊ အဆင့်မြင့်ဒီဇယ်တစ်လီတာကို ၁၁၅ ကျပ်၊ အောက်တိန်း 92 တစ်လီတာကို ၉၀ ကျပ်နဲ့ အောက်တိန်း 95 တစ်လီတာကို ၆၅ ကျပ်အထိ မြင့်တက်လာတာဖြစ်ပါတယ်။

 

အရင်ပတ်တုန်းကတော့ ရိုးရိုးနဲ့ အဆင့်မြင့်ဒီဇယ်တစ်လီတာကို ၂၀ ကနေ ၃၅ ကျပ်၊ အောက်တိန်း 92 နဲ့ 95 တစ်လီတာကို ၂၅ ကျပ်စီ ကျဆင်းခဲ့ပါတယ်။

 

ဒီတစ်ပတ်ထဲ ပြည်တွင်းမှာ စက်သုံးဆီအရောင်းအဝယ်တွေ ပုံမှန်ရှိနေပြီး စက်သုံးဆီရရှိမှုအခက်အခဲမရှိဘူးလို့ ယာဉ်မောင်းတွေဆီကနေ သိရပါတယ်။

 

စနေနေ့ စက်သုံးဆီဈေးနှုန်းတွေကတော့ ဒီဇယ်တစ်လီတာ ၂၇၁၀ ကျပ်၊ အဆင့်မြင့်ဒီဇယ်တစ်လီတာ ၃၃၄၀ ကျပ်၊ အောက်တိန်း 92 တစ်လီတာ ၃၀၇၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၃၁၆၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။

 

Source – Myanmar Market Price