“ဒီတစ်ပတ် ကျပ်ငွေအပြောင်းအလဲ” (ဇန်နဝါရီ ၆ ရက်ကနေ ၁၁ ရက်နေ့အထိ)

“နိုင်ငံခြားငွေဈေးနှုန်းတွေအားလုံးမြင့်တက်”
တစ်လလောက်ငြိမ်သက်နေတဲ့ နိုင်ငံခြားငွေဈေးနှုန်းတွေအားလုံးမြင့်တက်ပြီး ကျပ်ငွေဈေး ပြန်လည်ကျဆင်းလာတာကို တွေ့မြင်ရပါတယ်။
စစ်ကောင်စီဗဟိုဘဏ်ရဲ့ အွန်လိုင်းငွေကြေးဈေးကွက်(FX)ကနေ ဇန်နဝါရီ ၆ ရက်၊ တနင်္လာနေ့မှာ အမေရိကန်ဒေါ်လာ ၂၅ သန်းနဲ့ ထိုင်းဘတ် ၂ ဒသမ ၈၇ သန်းကျော်အထိရောင်းချပေးခဲ့တယ်လို့ ကြေညာထားပါတယ်။
နောက်တစ်ရက် အင်္ဂါနေ့မှာလည်း အမေရိကန်ဒေါ်လာ နှစ်သန်းကျော်၊ ဗုဒ္ဓဟူးနေ့မှာ နှစ်သိန်းခွဲကျော်၊ ကြာသပတေးနေ့မှာ ၂ ဒသမ ၂ သန်းကျော်ထုတ်ရောင်းပေးခဲ့တဲ့အပြင် သောကြာနေ့မှာတော့ တရုတ်ယွမ် ခုနစ်သိန်းကျော်ထပ်မံရောင်းချပေးခဲ့တယ်လို့ FX ဈေးကွက်မှာ ကြေညာထားပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့အပတ်တွေထဲ အမေရိကန်တစ်ဒေါ်လာ ၄၄၅၀ ကျပ်ဝန်းကျင်နဲ့ငြိမ်သက်နေခဲ့ရာကနေ ဒီတစ်ပတ်ထဲ ၄၆၀၀ ကျပ်အထိ မြင့်တက်ခဲ့လို့ ကန်တစ်ဒေါ်လာကို ၁၅၀ ဝန်းကျင်လောက်အထိ တက်လာခဲ့တာတွေ့ရပါတယ်။
အဲဒီလိုပဲ ထိုင်းတစ်ဘတ်ကို တစ်ကျပ်ကျော်၊ မလေးရှားတစ်ရင်းဂစ်ကို ၁၀ ကျပ်ခန့်၊ တရုတ်တစ်ယွမ်ကို ၆ ကျပ်ခန့်မြင့်တက်လာပါတယ်။
ထူးထူးခြားခြားအနေနဲ့ စင်ကာပူဒေါ်လာဈေးနှုန်းပဲ ဒီတစ်ပတ်ထဲ တစ်ဒေါ်လာ ၁၀ ကျပ် ကျဆင်းသွားတာဖြစ်ပါတယ်။
စနေနေ့ နိုင်ငံခြားငွေကြေးဈေးနှုန်းတွေကတော့ အမေရိကန်တစ်ဒေါ်လာ ၄၆၀၀ ကျပ်၊ တစ်ယူရို ၄၆၅၅ ကျပ်၊ စင်ကာပူတစ်ဒေါ်လာ ၃၂၈၅ ကျပ်၊ ထိုင်းတစ်ဘတ် ၁၃၁ ကျပ်ကျော်၊ ဂျပန်တစ်ယမ်း ၂၈ ကျပ်ကျော်၊ မလေးရှားတစ်ရင်းဂစ် ၁၀၁၀ ကျပ်၊ တရုတ်တစ်ယွမ် ၆၂၀ ကျပ်နဲ့ ကိုရီးယားတစ်ဝမ် ၃ ကျပ်ကျော်ဈေးရှိတယ်လို့ သိရပါတယ်။
Source – Myanmar Market Price