တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံက အလုပ်သမားတွေကို အချိန်ပိုမဆင်းလို့ဆိုကာ ဖယ်ရီမစီစဉ်ပေး

Author CJ Platform
Categories
Published on Feb 11, 2025

ရန်ကုန်တိုင်း ရွှေလင်ဗန်းစက်မှုဇုန် ယောအတွင်းဝန် ဦးဖိုးလှိုင်လမ်းမှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် Yoyika အထည်ချုပ်စက်ရုံက အချိန်ပိုမဆင်းတဲ့ အလုပ်သမားတွေကို ဖယ်ရီတွေ မစီစဉ်ပေးဘဲ ဖိနှိပ်မှုတွေပါ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် FGWM ဆီက သိရပါတယ်။

 

အချိန်ပိုမဆင်းတဲ့ အလုပ်သမားတွေကို ဖယ်ရီတွေ မစီစဉ်ပေးတဲ့အပြင် နောက်ရက် အလုပ်လာချိန်မှာလည်း ဆဲဆိုကြိမ်းမောင်းတာ၊ အချိန်ပိုမဆင်းပါက အလုပ်မှ ထုတ်ပယ်ခံရမယ်လို့ ခြိမ်းခြောက်မှုတွေကိုပါ လုပ်ဆောင်နေတယ်လို့ FGWM က ဖော်ပြထားပါတယ်။

 

“အောလင်းအောနိုက်တွေလည်းဆင်းရတယ် မဆင်းဘူးလို့ငြင်းလို့လည်းမရဘူး ဖိအားပေးအတင်း ဆင်းခိုင်းတာ မဖြစ်မနေအိုတီကိုဆင်းကိုဆင်းရမယ်ဆိုပြီး မန်နေဂျာတွေ အောစူပါတွေက ပုံစံမျိုးစုံ ခြိမ်းခြောက်ခေါ်တာပေါ့ဗျာ ထုံးစံအတိုင်း နောက်နေ့မလာနဲ့ အလုပ်ထုတ်မှာအဲလိုပြောတာပေါ့ အလုပ် ပြုတ်မှကြောက်တော့လည်းnမဆင်းချင်လည်း ဆင်းရတာပေါ့”လို့ လုပ်ငန်းတွင်းမှာရှိတဲ့ အလုပ်သမားတစ်ဦးက FGWM ကိုပြောထားပါတယ်။

 

အလုပ်သမားတွေကို အခုလို ဖိနှိပ်နေတာကို စစ်ကောင်စီလက်အောက်ခံ အလုပ်သမားရုံးတွေနဲ့ ဝန်ကြီးဌာနတွေကို တိုင်တန်းပေမဲ့ အရေးယူဆောင်ရွက်မှု မရှိဘူးလို့ သိရပါတယ်။

 

အခုလို အလုပ်သမားတွေကို ဖိနှိပ်နေတဲ့ စက်ရုံမှာ လုပ်ငန်းအပ်နှံ ချုပ်လုပ်နေတဲ့ ကုန်အမှတ်တံဆိပ်တွေအနေနဲ့လည်း စက်ရုံက အလုပ်သမားအခွင့်အရေး ချိုးဖောက်လာမှုကို လျစ်လျူရှုမထားဘဲ ဖြေရှင်းပေးစေလိုတယ်လို့ စက်ရုံအလုပ်သမားတွေက ဆိုပါတယ်။

 

စစ်ကောင်စီက အဓမ္မစစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စက်ရုံတွေမှာ အလုပ်လုပ်နေတဲ့ လုပ်သားတွေကိုပါ စစ်မှုထမ်းစေဖို့ အကြောင်းကြာလာတွေ ရှိတာကြောင့် စက်ရုံလုပ်သားအချို့မှာ အလုပ်ထွက်ပြီး စစ်မှုထမ်းရှောင်တိမ်းနေရသူတွေလည်း ရှိနေပါတယ်။

 

ဓာတ်ပုံ – FGWM

 

Related News

Depend on news