ဆရာမနော်ဒီဇင်ဦး မီးလောင်သေဆုံးမှုဖြစ်စဉ်ကို ပြန်လည်စစ်ဆေးပေးဖို့ မိသားစုက တောင်းဆို

Author CJ Platform
Categories
Published on Oct 11, 2024

 

စစ်ဘေးရှောင် ကိုယ်ထူကိုယ်ထကျောင်းတစ်ကျောင်းမှာ တာဝန်ထမ်းနေခဲ့တဲ့ အသက် (၁၉)နှစ်အရွယ် ဆရာမနော်ဒီဇင်ဦးတစ်ယော​က် မီးလောင်မှုဖြစ်စဉ် တစ်ခုအတွင်းမှာ အသက်ဆုံးပါးခဲ့ရတာနဲ့ပတ်သက်ပြီး ပိုမိုတိကျတဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်ပေးဖို့ မိသားစုက တောင်းဆိုထားပါတယ်။ဆရာမ နော်ဒီဇင်ဦးဟာ ရှမ်းပြည်နယ်တောင်ပိုင်း ကရင်နီပြည်အစပ် ဖယ်ခုံမြို့နယ် ကယန်းဒေသ လာစောကျေးရွာမှာ ကယန်းအမျိုးသားပညာရေးကော်မတီ KNEC က ဖွင့်လှစ်ထားတဲ့ အခြေခံပညာမူလတန်းကျောင်းတစ်ကျောင်းမှာ တာဝန်ထမ်းဆောင်ရင်း စက်တင်ဘာ ၂၂ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုဖြစ်စဉ် တစ်ခုမှာ အသက်ဆုံးပါးခဲ့ရတာပါ။ဆရာမနော်ဒီဇင်ဦး အသက်ဆုံးပါးခဲ့ရတာဟာ ပေါ့ဆမီးကြောင့် ဖြစ်တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ထုတ်ပြန်ထားခဲ့ပေမယ့် ဆရာမရဲ့ မိသားစုဝင်တွေကတော့ ဒါကို လက်မခံနိုင်ကြပါဘူး။ပိုမိုတိကျတဲ့ စစ်ဆေးမှုတွေကို လုပ်ဆောင်ပေးဖို့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေကို တိုက်တွန်းပေးဖို့ ဆရာမရဲ့ မိခင်ဖြစ်သူ ဒေါ်မေဘာထူးက ဆရာဦးမင်းဘုဏ်းလူနဲ့ ဆရာဒေါ်မူမူတို့ကို အကူညီတောင်းခံထားပါတယ်။