မန္တလေး-မတ္တရာရထားသံလမ်းအနီး လောင်တဲ့မီးကြောင့် အိမ် ၂၀ နီးပါးဆုံးရှုံး

Author အညာသား
Categories
Published on May 10, 2024

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် မန္တလေး-မတ္တရာရထားသံလမ်းဘေးရှိ ရပ်ကွက်အတွင်း ဒီနေ့ မေ ၁၀ ရက် မနက်ပိုင်းက မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၂၀ နီးပါးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

မီးလောင်မှုဟာ ၉ လမ်းနဲ့ ၇၈ လမ်း သိမ်ကုန်းရပ်ကွက်ရှိ နေအိမ်တွေကို မနက် ၁၁ နာရီ ၂၀ မိနစ်ခန့်မှာ စတင် လောင်ကျွမ်းခဲ့တာဖြစ်ပြီး  မွန်းတည့် ၁၂ နာရီမှာမှ မီးငြှိမ်းနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

“ရပ်ကွက်က အိမ်ခြေလည်းစိပ်သလို မီးလောင်တဲ့အချိန် လေတိုက်နေတော့ ဘေးအိမ်တွေကူးတာ မြန်တယ်။ မီးခိုးလုံးနဲ့ မီးတောက်ကလည်း အကြီးကြီးပဲ” လို့ အဲဒီရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောတယ်။

 

မီးလောင်မှုဟာ Level(2)အဆင့်ဖြစ်ပြီး မီးလောင်တဲ့အကြောင်းအရင်းနဲ့ ဆုံးရှုံးတဲ့နေအိမ်အရေအတွက်ကို မီးသတ်ဌာအနေနဲ့ အတည်ပြုစုံစမ်းနေတုန်းဖြစ်တယ်လို့ သိရပါတယ်။

 

မီးလောင်မှုကြောင့် နေအိမ်များဆုံးရှုံးခဲ့ရတဲ့ ရပ်ကွက်နေပြည်သူတွေကို  အရိပ်မထွက်ဘုရားဝင်းမှာ ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – Than Htay