“ဒီတစ်ပတ် စက်သုံးဆီအခြေအနေ” (နိုဝင်ဘာလ ၄ ရက်ကနေ ၉ ရက်နေ့အထိ)
“အောက်တိန်း ကျပြီး ဒီဇယ် တက်တဲ့ စက်သုံးဆီ”
ဒီတစ်ပတ်စက်သုံးဆီဈေးနှုန်းတွေကတော့ ထူးခြားတယ်လို့ ပြောရပါမယ်။ နှစ်ပတ်ဆက် ငြိမ်သက်နေခဲ့ရာကနေ အောက်တိန်းဈေးတွေ ကျပြီး ဒီဇယ်ဈေးတွေ မြင့်တက်ခဲ့တာ တွေ့ရပါတယ်။
စစ်ကောင်စီဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေကြေးဈေးကွက်(FX Trading Platform)ကနေ သွင်းကုန်လုပ်ငန်းရှင်တွေကို ပြီးခဲ့တဲ့အပတ်က တရုတ်ယွမ် ငါးသန်းနဲ့ ထိုင်းဘတ် ၂၅ သန်း ရောင်းချပေးခဲ့သလို ဒီတစ်ပတ် နိုဝင်ဘာ ၅ ရက်၊ အင်္ဂါနေ့မှာ တရုတ်ယွမ် ခုနစ်သန်းနဲ့ ထိုင်းဘတ် သန်း ၂၀ အထိရောင်းချပေးမယ်လို့ ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ ဒီဇယ်အမျိုးအစားတွေဖြစ်တဲ့ ရိုးရိုးဒီဇယ်တစ်လီတာကို ၇၅ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ်တစ်လီတာကို ၈၅ ကျပ်အထိ မြင့်တက်ခဲ့ပါတယ်။ အောက်တိန်းအမျိုးအစားတွေဖြစ်တဲ့ အောက်တိန်း 92 တစ်လီတာကို ၅၀ ကျပ်နဲ့ အောက်တိန်း 95 တစ်လီတာကို ၈၀ ကျပ် ကျဆင်းခဲ့ပါတယ်။ အောက်တိန်းနဲ့ ဒီဇယ်ဆီအမျိုးအစားတွေအားလုံး နိုဝင်ဘာ ၈ ရက်၊ သောကြာနေ့မှာ အတက်အကျဖြစ်ခဲ့တာပါ။
နိုဝင်ဘာ ၉ ရက်၊ စနေနေ့ ရန်ကုန်မြို့က စက်သုံးဆီဆိုင်ကြီးတွေမှာ ရိုးရိုးဒီဇယ်တစ်လီတာ ၂၆၉၀ ကျပ်၊ အဆင့်မြင့်ဒီဇယ်တစ်လီတာ ၃၃၄၅ ကျပ်၊ အောက်တိန်း 92 တစ်လီတာ ၃၀၃၀ ကျပ်နဲ့ အောက်တိန်း 95 တစ်လီတာ ၃၂၁၀ ကျပ်ဈေးရှိနေပါတယ်။
Source – Myanmar Market Price