ပျော်ဘွယ်မြို့မှာ ငလျင်ကြောင့် ပြည်သူ ၂၄၂ဦး သေဆုံးခဲ့ရ

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၁၈၆နှစ်အတွင်း အဆိုးဝါးဆုံး ငလျင်ဖြစ်တဲ့ မတ်လ ၂၈ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပြည်သူ ၂၄၂ဦး သေဆုံးခဲ့တယ်လို့ ပျော်ဘွယ် မီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မန္တလေးတိုင်း ပျော်ဘွယ်မြို့မှာ ငလျင်ကြောင့် သေဆုံးခဲ့သူ အမျိုးသား ၁၄၅ဦး၊ အမျိုးသမီး ၉၇ရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၉၇ ဦးရှိခဲ့တယ်လို့ ပျော်ဘွယ် မီးသတ်ဦးစီးဌာနက ဆိုပါတယ်။
ဒါ့အပြင် ပျော်ဘွယ်မြို့မှာ ငလျင်ကြောင့် လူခုနစ်ရာကျော်သေဆုံးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေမှုဟာလည်း မမှန်ဘူးလို့ သူတိုက ဆိုပါတယ်။
ပျော်ဘွယ် ကမ္ဘောဇဘဏ်ခွဲပြိုကျမှုဖြစ်စဉ်တစ်ခုထဲမှာပဲ သေဆုံးသူ ၂၀ဦးရှိခဲ့ပြီး အသက်ရှင်လျက် လွတ်မြောက်လာခဲ့သူ ၁၃ ဦးရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ပျော်ဘွယ်မီးသတ်ဦးစီးဌာန