အလုပ်သမားထုအပေါ် ဖိနှိပ်နေတဲ့ စစ်ကောင်စီကို အရေးယူဖို့ ရန်ကုန်မှာ ဆန္ဒပြ

အလုပ်သမားထုအပေါ် ဖိနှိပ်နေတဲ့ စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO ညီလာခံကနေ အရေးယူပေးဖို့ ရန်ကုန်မြေပြင်သပိတ်အင်အားစုက ဒီကနေ့ မတ်လ ၁၀ရက်နေ့မှာ ဆန္ဒပြတောင်းဆိုလိုက်ပါတယ်။
ရန်ကုန်မြို့ တစ်နေရာမှာ “ILO A 33 MYANMAR 2025 “ စာသားပါ အင်္ကျီတွေကို ဝတ်ဆင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
စစ်ကောင်စီဟာ အလုပ်သမားတွေအပေါ် အတင်းအဓမ္မ လုပ်အားခိုင်းစေတာ၊ လွတ်လပ်စွာ အသင်းဖွဲ့ဖွဲ့စည်းတာနဲ့ စည်းရုံးခွင့်တွေကို ပိတ်ပင်နေတာကြောင့် ILO အနေနဲ့ ပုဒ်မ ၃၃ အရ အရေးယူပေးဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။
အဲဒီ လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် (၄)ဖွဲ့နဲ့ အတူ ရန်ကုန်မြေပြင်သပိတ်အင်အားစုတွေက ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ -ပေးပို့