ကချင်ပြည်မှာ မိုးရွာနိုင် “ဒီကနေ့ ဖေဖော်ဝါရီလ ၁၀ ရက်၊ တနင်္လာနေ့အတွက် မိုးလေဝသခန့်မှန်းချက်”

Published on Feb 10, 2025

“ရာသီဥတုအခြေအနေ”

 

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ အရှေ့လေစီးကြောင်းအားကောင်းပြီး အာရေဗျပင်လယ်မှတဆင့် ပါကစ္စတန်၊ အိန္ဒိယမြောက်ပိုင်းတွေပေါ်က အရှေ့ဘက်ကို ကွေ့ပတ်တိုက်ခတ်လာတဲ့ လေအေးစီးကြောင်းကလည်း အားကောင်းကောင်းနဲ့ မြန်မာနိုင်ငံအလယ်ပိုင်း၊ အထက်ပိုင်းဒေသတွေကို တိုက်ခတ်နေတယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်က အသိပေးထားပါတယ်။

 

ဒါကြောင့် ဆောင်းရာသီအအေးဓါတ် ဆက်လက်ရှိနေမှာဖြစ်ပြီး ညဘက်နဲ့ မနက်အစောပိုင်းအပူချိန်တွေ ဆက်လက်ကျဆင်းနေကာ နေ့အပူချိန်တွေ တဖြည်းဖြည်းမြင့်တက်လာနိုင်မယ်လို့ဆိုပါတယ်။

 

ဒါ့အပြင် နေ့မှာ အပူပြင်းလာပြီး ညဘက်မှာ အအေးဓါတ်က ဆက်လက်ရှိနေမှာကြောင့် နံနက်အစောပိုင်းအချိန်‌တွေမှာ မြူခိုးတွေဝေပြီး မြူထုပါးပါးကနေ ထူထူအထိ ဖြစ်ပေါ်နိုင်တယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။

 

မနက်အစောပိုင်းအချိန်တွေမှာ လေထုညစ်ညမ်းခြင်းကြောင့် ကျန်းမာရေးထိခိုက်နိုင်တဲ့အန္တရာယ်နဲ့ မြင်ကွင်းမရှင်းမလင်းဖြစ်နေခြင်းကြောင့် ကုန်း၊ရေ၊လေ ခရီးလမ်းတွေမှာ မတော်တဆဖြစ်စေနိုင်တဲ့ အန္တရာယ်တွေကို သတိထားကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

 

“ညအပူချိန်များ”

 

ညအပူချိန်များမှာ ရခိုင်ပြည်မှာ ဖေဖော်ဝါရီလရဲ့ ပျမ်းမျှ အပူချိန်အောက် ၃ ဒီဂရီစင်တီဂရိတ်နဲ့ ကချင်ပြည်နဲ့ ချင်းပြည်တို့မှာ ၂ ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး ရန်ကုန်တိုင်းနဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်းတို့မှာ ဖေဖော်ဝါရီလရဲ့ ပျမ်းမျှအပူချိန်တို့ထက် ၂ ဒီဂရီစင်တီဂရိတ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်၊ မွန်ပြည်နဲ့ ရှမ်းပြည်မြောက်ပိုင်းတို့မှာ ၃ ဒီဂရီစင်တီဂရိတ်ကနေ ၄ ဒီဂရီစင်တီဂရိတ်အထိနဲ့ နေပြည်တော်၊ ကရင်နီ(ကယား)ပြည်၊ ရှမ်းပြည်တောင်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ  ၅ ဒီဂရီစင်တီဂရိတ်ကနေ ၆ ဒီဂရီစင်တီဂရိတ် ပိုခဲ့ပါတယ်။

 

“ထူးခြားညအပူချိန်များ”

 

ဒီကနေ့ရဲ့ အနိမ့်ဆုံးအပူချိန်တွေအဖြစ် ဟားခါးမြို့မှာ သုံည ဒီဂရီစင်တီဂရိတ်၊ မြစ်ကြီးနားမြို့မှာ ၈ ဒီဂရီစင်တီဂရိတ်၊ လားရှိုးမြို့မှာ ၁၀ ဒီဂရီစင်တီဂရိတ်၊ လွိုင်ကော်မြို့မှာ ၁၁ ဒီဂရီစင်တီဂရိတ်၊ စစ်တွေမြို့မှာ ၁၂ ဒီဂရီစင်တီဂရိတ်၊ ဟုမ္မလင်းမြို့မှာ ၁၃ ဒီဂရီစင်တီဂရိတ်၊ မကွေးမြို့နဲ့ တောင်ကြီးမြို့တို့မှာ ၁၄ ဒီဂရီစင်တီဂရိတ်၊ ကျိုင်းတုံမြို့မှာ ၁၅ ဒီဂရီစင်တီဂရိတ်အထိ အနိမ့်ဆုံးအပူချိန် ဖြစ်ပေါ်ခဲ့ပါတယ်။

 

“မြို့ကြီးများ ညအပူအချိန်”

 

ဒီကနေ့မှာတော့ နေပြည်တော်မှာ ၂၀ ကနေ ၃၄ ဒီဂရီစင်တီဂရိတ်အထိ၊ ရန်ကုန်မြို့မှာ ၁၉ ကနေ ၃၄ ဒီဂရီစင်တီဂရိတ်အထိနဲ့ မန္တလေးမြို့မှာ ၁၈ ကနေ ၃၄ ဒီဂရီစင်တီဂရိတ်အထိရှိနိုင်တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် မုံရွာမြို့မှာ ၁၆ ဒီဂရီစင်တီဂရိတ်၊ ပဲခူးမြို့နဲ့ ပုသိမ်မြို့တို့မှာ ၁၉ ဒီဂရီစင်တီဂရိတ်၊ ထားဝယ်မြို့မှာ ၂၀ ဒီဂရီစင်တီဂရိတ်၊ ဘားအံမြို့မှာ ၂၁ ဒီဂရီစင်တီဂရိတ်၊ မော်လမြိုင်မြို့မှာ ၂၂ ဒီဂရီစင်တီဂရိတ်အထိ ဖြစ်ပေါ်နိုင်ပါတယ်။

 

“ဒီကနေ့ညနေအထိ အခြေအနေ”

 

ကချင်ပြည်မှာ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပြီး ရွာရန် ရာနှုန်း ၆၀ ဖြစ်ပါတယ်။

နေပြည်တော်၊ မန္တ‌လေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ ချင်းပြည်နဲ့ ရခိုင်ပြည်တို့မှာ အများအားဖြင့် သာယာပြီး ကျန်တိုင်းနဲ့ ပြည်နယ် တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းပါမယ်။

 

“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”

 

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။

 

“ပင်လယ်ပြင်လှိုင်းအမြင့်”

 

မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့်ရှိပါမယ်။

 

“နောက်နှစ်ရက်အတွက် ခန့်မှန်းချက်”

 

ကချင်ပြည်မှာ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပါတယ်။

 

Source – စစ်ကောင်စီမိုးဇလ

Related News

Depend on news