NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင် ရာထူးကနေ နုတ်ထွက်

Author CJ Platform
Categories
Published on Feb 10, 2025

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်ဟာ ရာထူးကနေ နုတ်ထွက်လိုက်တယ်လို့ ဖေဖေါ်ဝါရီ ၁၀ရက်နေ့ မနက်အစောပိုင်းမှာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်မှာကနေတဆင့် ပြည်သူတွေကို အသိပေးလိုက်ပါတယ်။

 

“MoD နှင့် စပ်လျဥ်းသော တာဝန်များ အားလုံးမှ အနားယူလိုက်ပြီ ဖြစ်ပါသည်။ တော်လှန်ရေးမှ လုံးဝ အနားမယူပါ။ ကျရာတာဝန်အား ဆက်လက်တာဝန်ယူသွားမည် ဖြစ်ပါသည်။ တာဝန်ယူခဲ့စဥ်တွင် ဆောင်ရွက်ခဲ့မှုများအတွက် အပြည့်အဝ လိပ်ပြာလုံသလို တာဝန်ယူခဲ့စဥ် ဆောင်ရွက်ခဲ့သော ကိစ္စရပ်များအတွက် တခုမကျန် တာဝန်ခံပါသည်။ အရေးတော်ပုံ အောင်ရမည်။”လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

 

သူ့ရဲ့ အခုလို အသိပေးလာမှုအပေါ် တော်လှန်ရေးအင်အားစုတွေက ပြန်လည်ညှိနှိုင်းဆောင်ရွက်ဖို့အတွက် တိုက်တွန်းကြသူတွေ ရှိသလို ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

 

သူနုတ်ထွက်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရကတော့ တရားဝင် ထုတ်ပြန်လာတာကို မတွေ့ရသေးပါဘူး။

Related News

Depend on news