ဟားခါးမြို့မှာ သုညဒီဂရီအထိ အပူချိန်ကျဆင်းနိုင် “ဒီကနေ့ ဇန်နဝါရီ ၁၀ ရက်၊ သောကြာနေ့အတွက် မိုးလေဝသခန့်မှန်းချက်”

Published on Jan 10, 2025

“နေ့/ညအပူချိန်”

ဒီကနေ့ကနေ ဇန်နဝါရီ ၁၅ ရက်နေ့အထိ ချင်းပြည်၊ ကချင်ပြည်၊ ရှမ်းပြည်၊ ကရင်နီ(ကယား)ပြည်နဲ့ ကရင်ပြည်မြောက်ပိုင်းကလွဲလို့ ကျန်ပြည်နယ်နဲ့ တိုင်းအားလုံးမှာ နေ့အပူချိန် ၃၀ ဒီဂရီဆဲလ်ဆီးယက်အထက် ဆက်လက်ရှိနေမှာဖြစ်တယ်လို့ မိုးဇလပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။

 

ညအပူချိန်တွေကတော့ ကရင်ပြည်တောင်ပိုင်း၊ မွန်ပြည်တောင်ပိုင်းနဲ့ တနင်္သာရီတိုင်းတွေကလွဲပြီး ကျန်ပြည်နယ်နဲ့ တိုင်းအားလုံးမှာ ၂၀ ဒီဂရီဆဲလ်ဆီးယက်အောက် ကျဆင်းပြီး အအေးပိုလာနိုင်တယ်လို့ သူက ခန့်မှန်းပါတယ်။

 

“ထူးခြားညအပူချိန်များ”

ဒီကနေ့ရဲ့ အနိမ့်ဆုံးအပူချိန်တွေအဖြစ် ဟားခါးမြို့မှာ သုညဒီဂရီ စင်တီဂရိတ်၊ မြစ်ကြီးနားမြို့မှာ ၅ ဒီဂရီစင်တီဂရိတ်၊ လာရှိုးမြို့မှာ ၇ ဒီဂရီစင်တီဂရိတ်၊ တောင်ကြီးမြို့မှာ ၈ ဒီဂရီစင်တီဂရိတ်၊ လွိုင်ကော်မြို့မှာ ၁၀ ဒီဂရီစင်တီဂရိတ်၊ စစ်တွေမြို့နဲ့ ကျိုင်းတုံမြို့တို့မှာ ၁၁

 

ဒီဂရီစင်တီဂရိတ်၊ ပဲခူးမြို့နဲ့ ဟုမ္မလင်းမြို့တို့မှာ ၁၃ ဒီဂရီစင်တီဂရိတ်၊ မုံရွာမြို့နဲ့ မကွေးမြို့တို့မှာ ၁၄ ဒီဂရီစင်တီဂရိတ်အထိ အနိမ့်ဆုံးအပူချိန်ဖြစ်ပေါ်နိုင်ပါတယ်။

 

“မြို့ကြီးများ ညအပူအချိန်”

ဒီကနေ့မှာတော့ နေပြည်တော်မှာ ၁၆ ကနေ ၃၀ ဒီဂရီစင်တီဂရိတ်အထိ၊ ရန်ကုန်မြို့မှာ ၁၈ ကနေ ၃၂ ဒီဂရီစင်တီဂရိတ်အထိနဲ့ မန္တလေးမြို့မှာ ၁၆ ကနေ ၃၁ ဒီဂရီစင်တီဂရိတ်အထိရှိနိုင်ပါတယ်။

 

“ဒီကနေ့ညနေအထိ အခြေအနေ”

နေပြည်တော်၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ ကရင်နီ(ကယား)ပြည်၊ ချင်းပြည်နဲ့ ရခိုင်ပြည်တို့မှာ အများအားဖြင့်သာယာပြီး ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါတယ်။

 

“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့မှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေပါတယ်။

 

“ပင်လယ်ပြင်လှိုင်းအမြင့်”

မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့်ရှိပါမယ်။

 

“နောက်နှစ်ရက်အတွက် ခန့်မှန်းချက်”

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်၊ ချင်းပြည်နဲ့ ရှမ်းပြည်တို့မှာ ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်ပါတယ်။

 

Source – စစ်ကောင်စီမိုးဇလ

 

Related News

Depend on news