ဆီမီးခုံမြို့မှာ ဗိုလ်တစ်ဦးနဲ့ ပြည်သူ့စစ်တစ်ဦး တိုက်ခိုက်ခံရလို့ သေဆုံး

Author CJ Platform
Categories
Published on May 01, 2025

မန္တလေးတိုင်း မြင်းခြံခရိုင် ဆီမီးခုံမြို့ အတွင်း ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို Myingyan Black Tiger (MBT)တပ်ဖွဲ့ က  ဧပြီလ ၃၀ ရက်နေ့မှာ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ ဗိုလ်တစ်ဦးအပြင် ပြည်သူ့စစ်တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့တယ်လို့ MBT တပ်ဖွဲ့ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကင်းပတ်နေချိန် ည ၈ နာရီခန့်မှာ တိုက်ခိုက်ခံရတာဖြစ်ပြီး Myingyan Black Tiger (MBT)တပ်ဖွဲ့က ပျောက်ကြားနည်းဗျူဟာ အသုံးပြု တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီကနေ G3 သေနတ် (၂)လက်နဲ့ ကျည် ၁၈တောင့် ရရှိခဲ့တယ်လို့ သိရပါတယ်။

 

Myingyan Black Tiger (MBT)တပ်ဖွဲ့အနေနဲ့ အခုလို မြို့တွင်းစစ်ဆင်ရေးတွေကို အချိန်နဲ့ တပြေးညီ ဖော်ဆောင်သွားမှာ ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သွားလာရာနေရာတွေနဲ့ နီးကပ်စွာ သွားလာခြင်းမပြုလုပ်ဖို့ သတိပေးပါတယ်။

 

တောင်သာမြို့နယ်က စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတစ်ဦး ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့က Myingyan Black Tiger (MBT)တပ်ဖွဲ့ဆီ ဆက်သွယ်ပြီး လက်နက်နဲ့တကွ အလင်းဝင်ရောက်လာခဲ့လို့ ဂုဏ်ပြုဆုငွေတွေပေးခဲ့ပါသေးတယ်။

Myingyan Black Tiger (MBT)တပ်ဖွဲ့ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်သလို မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်း စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်နေတဲ့ အပြင် ချင်းပြည် ဖလမ်းမြို့သိမ်းတိုက်ပွဲမှာလည်း ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ပါတယ်။

 

ဓာတ်ပုံ – Myingyan Black Tiger (MBT)