အပျက်စီးတွေကြား ၉၁နာရီကြာ ပိတ်မိနေတဲ့ (၆၃)နှစ်အရွယ် အမျိုးသမီးကို ကယ်ထုတ်နိုင်

Author CJ Platform
Categories
Published on Apr 01, 2025

ငလျင်ဒဏ်ကြောင့် အပျက်အစီးတွေကြား ၉၁နာရီကြာ ပိတ်မိနေတဲ့ အသက် (၆၃) နှစ်အရွယ် အမျိုးသမီးတစ်ဦးကို မီးသတ်တပ်ဖွဲ့က အသက်ရှင်လျက် အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်လာပါတယ်။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ တိုက်အမှတ် ၃၃၆၉ မှာ မတ်လ ၂၈ရက်နေ့ ငလျင်လှုပ်ခတ်မှုအပြီးကတည်းက အပျက်အစီးကြားထဲ ပိတ်မိနေသူ အမျိုးသမီးသမီးတစ်ဦးကို အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။