ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ စစ်အာဏာသိမ်းမှုကို ရှုတ်ချ

Author CJ Platform
Categories
Published on Feb 01, 2025

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဂျပန်ရောက် မြန်မာပြည်သားတွေဟာ ဒီကနေ့ စစ်အာဏာသိမ်းမှု လေးနှစ်ပြည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

 

ဂျပန်နိုင်ငံ၊ ကိုဘေးမြို့ရဲ့  လူစည်ကားရာ စျေးတန်းတစ်ခုရှေ့မှာ လူဦးရေ ၂၀ ကျော်နဲ့ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ဂျပန်ပြည်သူတွေ မြန်မာ့အရေးကို စိတ်ဝင်စားစေလိုတဲ့ ရည်ရွယ်ချက်နဲ့ သရုပ်ပြမှုတွေပြုလုပ်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

“ငါတို့အနာဂတ်၊ ငါတို့ ကလေးတွေရဲ့ အနာဂတ်၊ ငါတို့ပြည်သူတွေရဲ့ အနာဂတ်၊ ငါတို့ တိုင်းပြည်ရဲ့ အနာဂတ်၊ ငါတို့အားလုံးပြန်ယူမယ်”ဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ စစ်အာဏာသိမ်းမှုကို ရှုတ်ချခဲ့ကြပါတယ်။

 

ဒါ့အပြင် ဂျပန်ရောက် ဆန္ဒပြ မြန်မာနိုင်ငံသားတွေဟာ ပြည်တွင်း ဒုက္ခသည်တွေအတွက် အလှူခံမှုပြုလုပ်ခဲ့ပြီး ရရှိလာတဲ့ ယန်းငွေ ၃၃၁၉၅ (မြန်မာကျပ်ငွေ ကိုးသိန်းကျော်ကိုလည်း လှူဒါန်းသွားမယ်လို့ ဆန္ဒပြမှုအတွင်း ပါဝင်ခဲ့သူတွေက CJ Platform ကို ပြောပါတယ်။

 

ဓာတ်ပုံ – ပေးပို့

 

Related News

Depend on news