အောင်ဇေယျစစ်ကြောင်းကို ရိုက်ချိုး နိုင်ခဲ့သူ ဗိုလ်မှူး စောဒါဘောကို KNUက သူရဘွဲ့ချီးမြှင့်
ဒုစစ်ခေါင်းဆောင် ကိုယ်တိုင်ဦးစီးခဲ့တဲ့ အောင်ဇေယျစစ်ကြောင်းကို ဦးဆောင်တိုက်ခိုက်ပြီး ရိုက်ချိုး၊ ဖျက်ဆီးနိုင်ခဲ့သူ ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူး စောဒါဘောကို ကရင်အမျိုးသားအစည်းအရုံး KNU က သူရဘွဲ့တံဆိပ် ချီးမြှင့်ခဲ့တယ်လို့ KUN က ဒီကနေ့ ဖေဖေါ်ဝါရီ ၁ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
“ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူး စောဒါဘောသည်ရှေ့တန်းစစ်မြေပြင်မှာ မကြောက်မရွံပဲ အကြမ်းဖက်စစ်ကောင်စီ၏ နိုင်ငံတော်အဆင့်ရှိ အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်၊ ရိုက်ချိုး၊ ဖျက်ဆီးနိုင်ပြီး ရဲစွမ်းသတ္တိအပြည့်နှင့် ခေါင်းဆောင်မှုအရည်အချင်းပြည့်မီသည့် ဗိုလ်မှူးတစ်ယောက်အဖြစ် သူရဘွဲ့တံဆိပ်ကို KNLA- (ဗဟို) စစ်ဌာနချုပ်မှ စစ်ဦးစီးပထမတန်း (G1) ဗိုလ်မှူးချုပ် စောတာမလာသော ကိုယ်တိုင် သွားရောက်ဂုဏ်ပြုချီးမြင့်ခဲ့သည်”လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သူရဘွဲ့တံဆိပ်ချီးမြှင့်တာကို ဇန်နဝါရီ ၃၁ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကရင့်တော်လှန်ရေးနေ့ အခမ်းအနားမှာ ပူးတွဲလုပ်ဆောင်ခဲ့တာပါ။
ကရင့်တော်လှန်ရေးနေ့ အခမ်းအနားကို ပျက်စီးလိုသူတွေ ပွဲကျင်းပတယ်လို့ ယူဆရတဲ့ နေရာတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေလည်း လုပ်ဆောင်ခဲ့ပေမဲ့ အာရှလမ်းမကြီး စစ်မြေပြင်တစ်နေရာမှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။
ဓာတ်ပုံ – KNU