အာဏာသိမ်း ၄နှစ်တာအတွင်း NLD ရုံးတွေ ဖျက်ဆီးခံရမှု အကြိမ်‌ရေ ၁၆၀ ကျော်ရှိ

Author မင်းသိမ်း
Categories
Published on Feb 01, 2025

စစ်ကောင်စီ အာဏာသိမ်းပြီး ၄ နှစ်တာအတွင်း ရန်ကုန်မြို့ ရှိ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ ချုပ် (NLD)ဗဟိုရုံးချုပ် အပါအဝင် တစ်နိုင်ငံလုံးရှိ ရုံးတွေ ဝင်ရောက်ဖျက်ဆီးခံရမှုပေါင်း

အကြိမ်ရေ ၁၆၇ ထိရှိခဲ့တယ်လို့ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ ချုပ် (NLD) ရဲ့  ဒီကနေ့ ဖေဖော်ဝါရီ  ၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမပေါ်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုရုံးချုပ်ကို ၃  ကြိမ် ၊ တိုင်း နဲ့ ပြည်နယ်ရုံးတွေကို ၁၅ ကြိမ် ခရိုင်ရုံး တွေကို ၆ ကြိမ်၊ မြို့နယ်ရုံး တွေ ၁၁၅ ကြိမ် နဲ့ ရပ်ကျေးရုံးတွေ ၂၈ ကြိမ် စုစုပေါင်း ဖျက်ဆီးမှုအကြိမ်ပေါင်း (၁၆၇) ကြိမ် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးနောက် NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် (၁၉၉) ဦး နဲ့ ပါတီဝင် (၂၅၆) ဦး၊ စုစုပေါင်း NLD အဖွဲ့ဝင် (၄၅၅) ဦး တို့ရဲ့  ပိုင်ဆိုင်မှုတွေ ချိပ်ပိတ်သိမ်း ယူခံခဲ့ရတယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ မတရား ဖမ်းဆီးထားသူ ၁၈၀၀၀ကျော်  အနက်  NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦး နဲ့  NLDပါတီဝင်  ၂၄၉၆ ဦး တို့ ပါဝင်တယ်လို့ သိရပါတယ်။

စစ်ကောင်စီက ၄နှစ်တာ ကာလအတွင်းမှာ NLD  ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ၄ ဦး၊ ပါတီဝင် ၁၀၇ ဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

 

ဒီအချက်အလတ်တွေဟာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (HRDT-NLD) ရဲ့ လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့ကနေ  ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ လက်လှမ်းမီသလောက် ကောက်ယူရရှိထားတဲ့ အချက်အလက်တွေဖြစ်တယ်လို့ သိရပါတယ်။

 

ဓါတ်ပုံ- လူမှုကွန်ရက်

 

ပုံစာ  – ဖျက်ဆီးခံရသော NLD ရုံးများတွေရစဉ်