“ဒီတစ်ပတ် ကျပ်ငွေအပြောင်းအလဲ” (နိုဝင်ဘာလ ၂၅ ရက်ကနေ ၃၀ ရက်နေ့အထိ)
“ဈေးအားလုံးငြိမ်တဲ့ နိုင်ငံခြားငွေ”
ဒီတစ်ပတ်ထဲ အရင်ပတ်တွေကလို ထိုင်းဘတ်နဲ့ တရုတ်ယွမ်ငွေတွေ စစ်ကောင်စီဗဟိုဘဏ်က ထုတ်ရောင်းပေးခဲ့ပေမဲ့ ဈေးနှုန်းမကျဘဲ ပြီးခဲ့တဲ့အပတ်ကဈေးတွေလိုပဲ ငြိမ်သက်နေခဲ့တာကို တွေ့မြင်ရပါတယ်။
နိုဝင်ဘာ ၂၆ ရက် အင်္ဂါနေ့မှာ တရုတ်တစ်ယွမ် ၅၃၂ ကျပ်နှုန်းနဲ့ ယွမ် ၁ ဒသမ ၇၉ သန်းကျော် ရောင်းချပေးခဲ့တယ်လို့ စစ်ကောင်စီဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေကြေးဈေးကွက်(FX Trading Platform)မှာ ထုတ်ပြန်ထားပါတယ်။
နောက် နိုဝင်ဘာ ၂၇ ရက် ဗုဒ္ဓဟူးနေ့မှာ ထိုင်းတစ်ဘတ် ၁၂၈ ကျပ်ကျော်နှုန်းနဲ့ ဘတ် ၃ ဒသမ ၂ သန်းကျော်နဲ့ ကြာသပတေးနေ့မှာ ထိုင်းတစ်ဘတ် ၁၂၈ ကျပ်ကျော်နှုန်းနဲ့ ဘတ် ၄ ဒသမ ၉၇ သန်းကျော် ရောင်းချပေးခဲ့ပါတယ်။
တဖန် နိုင်ငံခြားငွေကြေးဈေးကွက်(FX Trading Platform)မှာ သွင်းကုန်လုပ်ငန်းရှင်တွေကို တရုတ်ယွမ် ၁၀ သန်း ရောင်းချပေးမယ်လို့ နိုဝင်ဘာ ၂၉ ရက် သောကြာနေ့မှာ ကြေညာပါတယ်။
အဲဒီနေ့မှာပဲ ထိုင်းတစ်ဘတ် ၁၂၉ ကျပ်နှုန်းနဲ့ ဘတ် ၁၆ ဒသမ ၅၄ သန်းကျော်ရောင်းချပေးတယ်လို့ စစ်ကောင်စီဗဟိုဘဏ်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ ငွေကြေးဈေးကွက်အတွင်း အမေရိကန်တစ်ဒေါ်လာကို ၁၀ ကျပ်၊ တရုတ်တစ်ယွမ်ကို ၄ ကျပ်နဲ့ မလေးရှားတစ်ရင်းဂစ်ကို သုံးကျပ်လောက်ကျဆင်းပေမဲ့ စင်ကာပူတစ်ဒေါ်လာကို ၁၀ ကျပ်တက်ပြီး ထိုင်းဘတ်ဈေးကတော့ တနင်္လာနေ့ဖွင့်ဈေးအတိုင်း စနေမှာပိတ်သွားတာတွေ့ရပါတယ်။
စနေနေ့ နိုင်ငံခြားငွေကြေးဈေးနှုန်းတွေကတော့ အမေရိကန်တစ်ဒေါ်လာ ၄၄၉၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာ ၃၃၈၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၃၀ ဒသမ ၇၂ ကျပ်၊ တရုတ်တစ်ယွမ် ၆၁၈ ကျပ်၊ မလေးရှားတစ်ရင်းဂစ် ၁၀၀၇ ကျပ်၊ ဂျပန်တစ်ယမ်း ၂၉ ဒသမ ၈၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။
Source – Myanmar Market Price