(၈၃)နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ ရခိုင်ပြည်နယ် နေရာအနှံ့မှာပြုလုပ်

Author ခေတ်နီ
Categories
Published on Sep 09, 2022

ယနေ့မှာကျရောက်သည့် (၈၃)နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ကို ရခိုင်ပြည်နယ်အနှံ့မှာ ကျင်းပပြုလုပ်လျက်ရှိသည်။

ဆရာတော်ဦးဥတ္တမကို ၁၈၇၉ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ စစ်တွေမြို့မှာမွေးဖွားခဲ့တာဖြစ်ပြီး ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် ပျံလွန်တော်မူခဲ့တာဖြစ်ကာ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိဖို့အတွက် ရှေ့ဆောင်လမ်းပြခဲ့သည့် ဆရာတော်တစ်ပါးလည်းဖြစ်သည်။

ယခင်စစ်အစိုးရများလက်ထက်က ဆရာတော် ဦးဥတ္တမနေ့ကိုကျင်းပခွင့်မပြုခဲ့ဘဲ အရပ်သားအစိုးရ တက်လာပြီးနောက်မှ ပြန်လည်ကျင်းပခွင့်ရရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ စစ်ကောင်စီက လုံခြုံရေးထူထပ်စွာချထားပြီး ကျင်းပနေတာပဲဖြစ်သည်။
ဓာတ်ပုံ- Western News