၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ သပိတ်အင်အားစုတွေက ဒေသအသီးသီးမှာ ကျင်းပပြုလုပ်

Author CJ Platform
Categories
Published on Jul 19, 2025

ဒီနေ့ ဇူလိုင် ၁၉ ရက်မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ သပိတ်အင်အားစုတွေက ဒေသအသီးသီးမှာ ကျင်းပ ပြုလုပ်ခဲ့ကြသလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ပြုကော်မတီ (CRPH) တို့ကလည်း ၇၈ နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ဖွယ်အခမ်းအနား ကျင်းပခဲ့ကြပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင် ၉ ဦးအပါအဝင် ခေတ်အဆက်ဆက် အာဏာရှင်စနစ်ကို တော်လှန်ရင်း ပေးဆပ် ကျဆုံးခဲ့တဲ့ သူရဲကောင်း အာဇာနည်တွေကို အလေးအမြတ်ထား ဦးညွတ် ဂုဏ်ပြုတယ်လို့ ကျောင်းသားတပ်မတော် (ABSDF) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့ကလည်း NUG နဲ့ CRPH တို့ထံ အာဇာနည်နေ့အထိမ်းအမှတ် သဝဏ်လွှာ ပေးပို့ခဲ့ကြပါသေးတယ်။

 

အာဇာနည်နေ့အခမ်းအနားကို ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ သပိတ်အင်အားစုတွေကလည်း ကျင်းပ ပြုလုပ်ခဲ့သလို မကွေးတိုင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကလည်း ခရီးသွား ပြည်သူတွေနဲ့ မော်တော်ယာဉ်ဆီ နှင်းဆီပန်းများ ဝေငှကာ အာဇာနည်နေ့ကို မမေ့လျော့ဖို့ နှိုးဆော်မှုတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။

 

စစ်ကောင်စီကို တော်လှန်နေတဲ့ ကရင်နီပြည်နယ်အတွင်းက ကယန့်အမျိုးသားတပ်မတော် (KNA) ကလည်း အာဇာနည်ခေါင်းဆောင်ကြီး ကိုးဦးအပါအဝင် ခေတ်အဆက်ဆက် ဒီမိုကရေစီအရေးနဲ့ အမျိုးသားလွတ်မြောက်ရေးမှာ တိုက်ပွဲဝင် ကျဆုံးခဲ့တဲ့ သူရဲကောင်းတွေကိုလည်း ဂုဏ်ပြုတဲ့အခမ်းအနားကို တပ်ရင်း တပ်ဖွဲ့ အသီးသီးမှာ လုပ်ဆောင်ခဲ့ပါသေးတယ်။

 

 

Related News

Depend on news