၂၀၂၇ မှာ နေတိုးကို ဥရောပက အဓိကတာဝန်ယူဖို့ အမေရိကန်ဖိအားပေး
သီတင်းပတ်အတွင်း ဝါရှင်တန်မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ပင်တဂွန်တာဝန်ရှိသူတွေက ဥရောပသံတမန်တွေကို အတိအလင်း ပြောကြားခဲ့တာပါ။ ထောက်လှမ်းရေး (Intelligence) ကဏ္ဍကနေ ဒုံးကျည်ကာကွယ်ရေးစနစ်တွေအထိ အမေရိကန်ကို အားမကိုးဘဲ ဥရောပက ဦးဆောင်ရမယ်လို့ ဆိုပါတယ်။ အကယ်၍ ၂၀၂၇ မှာ ဒီအချက်ကို မလိုက်နာနိုင်ရင် အမေရိကန်အနေနဲ့ နေတိုးရဲ့ ကာကွယ်ရေးညှိနှိုင်းမှု ယန္တရားတချို့ကနေ နုတ်ထွက်သွားမယ်လို့ သတိပေးထားပါတယ်။
