၂၀၂၄ ခုနှစ် ရွှေကမ္ဘာလုံးဆုရှင် ဘယ်သူတွေလဲ?

Author ဇက်
Categories
Published on Jan 09, 2024

အော်စကာဆုရဲ့ ရှေ့ပြေးဆုကြီးလို့ အများသတ်မှတ်ထားကြတဲ့ ရွှေကမ္ဘာလုံးဆု(Golden Globe Award)ရှင်တွေ ၂၀၂၄ ခုနှစ်အတွက်ထွက်ပေါ်လာကြပါပြီ။

ဒီနှစ်မှာလည်း ထုံးစံအတိုင်း ရုပ်ရှင်ဝါသနာရှင်တွေနဲ့ ဝေဖန်ရေးဆရာတွေ ခန့်မှန်းထားကြတဲ့ ရုပ်ရှင်တွေ၊ အနုပညာရှင်‌တွေပဲ ဇကာတင်အဆင့်တွေကနေ ကျော်လွန်ပြီး ရွှေကမ္ဘာလုံးဆုအသီးသီး ဆွတ်ခူးခဲ့ကြပါတယ်။

 

၈၁ ကြိမ်မြောက် ကျင်းပတဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ အများခန့်မှန်းထားကြတဲ့အတိုင်း အော့ပန်ဟိုင်းမာ Oppenheimer ရုပ်ရှင်ဇာတ်ကားက အဓိကဆုတွေဖြစ်တဲ့ အကောင်းဆုံးဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ အမျိုးသား ဇာတ်ဆောင်ဆု၊ အမျိုးသား ဇာတ်ပို့ဆု၊ နောက်ခံတေးဆုတွေကို ရယူခဲ့ပါတယ်။

 

ဒီနှစ် ရွှေကမ္ဘာလုံးဆုပေးပွဲကို ဒီနေ့ ဇန်နဝါရီလ ၈ ရက် နံနက်ပိုင်းက အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားမှာ ကျင်းပခဲ့တာပါ။ 

 

ဒီနှစ်အတွက် ရွှေကမ္ဘာလုံးဆုပေးပွဲမှာ ဘယ်သူတွေ၊ ဘာဆုတွေရသွားကြလဲဆိုတာ CJ Platform ကနေ တင်ဆက်ပေးထားပါတယ်။