၂၀၂၂ ခုနှစ် အတွင်း မြန်မာတစ်နိုင်ငံလုံး၌ စစ်ကောင်စီက မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၄၁၀၀၀ ကျော်ပျက်စီးခဲ့

Author လင်းခိုင်
Categories
Published on Jan 03, 2023

 

၂၀၂၂ ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံး၌ စစ်ကောင်စီက မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၄၁၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့် လူ၀င်မှုကြီးကြပ်ရေး၀န်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ စစ်တပ်မှ နိုင်ငံအနှံ့ အမှုပေါင်း ၁၀၅၈ မှုကို ကျူးလွန်ခဲ့ကာ၊ အရပ်သား ပြည်သူလူနေအိမ် ၄၁၃၅၅ လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်များမှ ထိုကဲ့သို့ လုပ်ဆောင်ခဲ့သည့် ပြည်နယ်နှင့် တိုင်းဒေသများသည် စစ်ကိုင်းတိုင်းတွင် မီးရှို့ခံရမှု ၆၉၀ ခန့်၊ မီးလောင်ပျက်စီးနေအိမ် ၃၁၄၀၀ ကျော်၊ မကွေးတိုင်းတွင် မီးရှို့ခံရမှု ၂၁၀ ခန့်၊ မီးလောင်ပျက်စီး နေအိမ် ၈၅၀၀ ကျော်ရှိခဲ့သည်။

ထို့ပြင် မန္တလေးတိုင်းတွင် မီးရှို့ခံရမှု ၂၅ မှုခန့်၊ မီးလောင်ပျက်စီးနေအိမ် ၄၈၀ ကျော်၊ ကချင်ပြည်နယ်တွင် မီးရှို့ခံရမှု ၁၅မှုခန့်၊ မီးလောင်ပျက်စီးနေအိမ် ၂၅၀ ကျော်၊ ကရင်ပြည်နယ်တွင် မီးရှို့ခံရမှု ၂၅မှုခန့်၊ မီးလောင်ပျက်စီးနေအိမ် ၁၂၉ ကျော်၊ ကယားပြည်နယ်တွင် မီးရှို့ခံရမှု ၂၅မှုခန့်၊ မီးလောင်ပျက်စီး နေအိမ် ၁၂၀ ကျော်တို့ရှိခဲ့သည်။

ယင်းအပြင် တနင်္သာရီတိုင်းဒေသကြီးတွင် မီးရှို့ခံရမှု ၂၀ခန့်၊ မီးလောင်ပျက်စီး နေအိမ် ၈၅ လုံးကျော်။ ပဲခူးတိုင်းတွင် မီးရှို့ခံရမှု ၁၀မှုခန့်၊ ပျက်စီးနေအိမ် ၆၅ လုံး၊ ရှမ်းပြည်နယ်တွင် မီးရှို့ခံရမှု ၁၃ မှု၊ မီးလောင်ပျက်စီးနေအိမ် ၆၀ကျော်နှင့် မွန်ပြည်နယ်တွင် မီးရှို့ခံရမှု ၅မှုခန့်နှင့် မီးလောင်ပျက်စီးနေအိမ် ၂၅ လုံးကျော်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိမြန်မာနိုင်ငံနေရာအနှံ့တွင် ခုခံတော်လှန်စစ်များဖြစ်ပွားနေသည့်အတွက် ပြည်တွင်း စစ်ဘေးရှောင်ဦးရေ ၂ သန်းနီးပါးရှိလာပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင်အများဆုံးဖြစ်ကာ စစ်ဘေးရှောင်များအနေဖြင့် အခြေခံ စားနပ်ရိက္ခာအပြင်၊ ဆောင်၊ ခြင်ထောင်များလည်း လိုအပ်လျက်ရှိသည်။

စစ်ဘေးရှောင်များကို ကူညီနိုင် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာမှ ကူညီမှုများဆောင်ရွက်ပေးလိုသော်လည်း စစ်ကောင်စီက လက်မခံသဖြင့် အခက်အခဲများကြုံတွေ့လျက်ရှိသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #မီးရှို့ဖျက်ဆီးမှု #စစ်ဘေးရှောင်