၂၀၂၂ ခုနှစ်အတွင်း ကွယ်လွန်ခဲ့သည့် ကမ္ဘာ့ထိပ်တန်း ပုဂ္ဂိုလ်များ စာရင်းတွင် ဦးဖြိုးဇေယျာသော် ပါဝင်

Author ခေတ်နီ
Categories
Published on Jan 08, 2023

 

အမေရိကန် အခြေစိုက် နိုင်ငံတကာနှင့် နိုင်ငံခြားရေးမူဝါဒများကို လေ့လာနေသည့် Council on Foreign Relations အဖွဲ့မှ ထုတ်ပြန်သည့် ၂၀၂၂ ခုနှစ်အတွင်း သေဆုံးကွယ်လွန်ခဲ့သည့် ကမ္ဘာ့ထိပ်တန်း ပုဂ္ဂိုလ်များ၏ စာရင်းတွင် ဦးဖြိုးဇေယျာသော်ကို ထည့်သွင်း ဖော်ပြထားသည်။

ကိုဖြိုးဇေယျာသော်သည် CFR အဖွဲ့မှ ထုတ်ပြန်သည့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း ကွယ်လွန်ခဲ့သော ထိပ်တန်းပုဂ္ဂိုလ် ၁၀ ဦး စာရင်းတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ၊ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ၊ တရုတ်သမ္မတဟောင်း ကျန်ဇီမင်းစသည့် ကမ္ဘာ့နိုင်ငံ့ခေါင်းဆောင်များနှင့် အတူ ထည့်သွင်း ဖော်ပြခြင်း ခံခဲရခြင်း ဖြစ်သည်။

ဦးဖြိုးဇေယျာသော်သည် အဆိုပါစာရင်းတွင် နိုင်ငံရေးသမား ၊ ဟစ်ဟော့အဆိုတော် ၊ လွှတ်တော်ကိုယ်စားလှယ် ၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူအဖြစ် နံပါတ် ၆ နေရာတွင် ဖော်ပြခြင်း ခံခဲ့ရခြင်း ဖြစ်သည်။

ဟစ်ဟော့ဂီတအဖွဲ့ ACID ၏ အဖွဲ့ဝင်လည်းဖြစ်၊ ပြီးခဲ့သည့် အရပ်သား အစိုးရလက်ထက် NLD ပါတီ၏ လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်သည့် ဦးဖြိုးဇေယျာသော်သည် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကျော်မင်းယု (ခေါ်)ကိုဂျင်မီတို့ အပါအဝင် နိုင်ငံရေးအကျဉ်းသား လေးဦးနှင့်အတူ ပြီးခဲ့သည့်နှင့် ၂၀၂၂ ခုနှစ် ဇူလိုင် ၂၅ ရက်နေ့တွင် စစ်ကောင်စီ၏ ထောင်တွင်း သတ်ဖြတ်မှုကို ကြုံတွေ့ခဲ့ခြင်း ဖြစ်သည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ကိုဇေယျာသော်