၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်ဒေသ၌ ‌အရပ်သား ၆၀ ကျော်သေဆုံး

Author ခေတ်နီ
Categories
Published on Dec 28, 2023

၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ဒေသအတွင်း အရပ်သား ၆၅ ဦးအထိသေဆုံးခဲ့ကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်( MNDAA)က ထုတ်ပြန်သည်။

 

ထိုအရပ်သားသေဆုံးမှုများသည် အောက်တိုဘာ ၂၇ ရက်ကစခဲ့သော စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့်ဟု MNDAA ဘက်ကဆိုထားသည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက်နှင့် ၂၆ ရက်နေ့တို့တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကိုးကန့်တုန်ချန်ရပ်ကွက် ဟွမ်ကွမ်ဟိုတယ်အနီးနှင့် ကိုးကန့် လောက်တုန်ကုတ်ရွာတို့ရှိ အရပ်သား ၁၀ ဦးသေဆုံးကာ ၂၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ရကြောင်း MNDAA က ဆိုသည်။

 

ထိုနည်းတူ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းမြောက် ဒေသအနှံ့တွင် ကလေးငယ် ၂၆ ဦးအပါအဝင် ၁၆၂ ဦးအထိသေဆုံးကာ ၃၀၅ ဦးအထိသေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာဖြစ်သည့် ရွှေဖီမြေသတင်းဌာနတွင် ဖော်ပြထားချက်အရ သိရသည်။

 

ပြီးခဲ့သည့် အောက်တိုဘာ၂၇ ရက်မှစတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ရှိ မြို့ကိုးမြို့ကို မြောက်ပိုင်း ညီနောင်သုံးဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီး ထိုမြို့သိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကို စံချိန်တင်အသုံးပြုခဲ့သည်။