၀မ်ပေါင်ကုမ္ပဏီ ခြံအ၀န်းအစောင့် စစ်ကောင်စီ ရဲကင်းစခန်းကို PDF များတိုက်ခိုက် ရဲနှစ်ဦးသေဆုံး

Author လင်းခိုင်
Categories
Published on Dec 09, 2022

 

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ပုသိမ်-မုံရွာ လမ်းဆုံရှိ ၀မ်ပေါင်ကုမ္ပဏီ ခြံ၀န်းအစောင့် အင်အား ၂၀ ခန့်ရှိ စစ်ကောင်စီ ရဲကင်းစခန်းကို PDF များတိုက်ခိုက်ခဲ့ပြီး ရဲနှစ်ဦးသေဆုံးခဲ့ကြောင်း National Revolutionary Guards မှ တာ၀န်ရှိသူတစ်ဦးက CJ Platform သို့ပြောကြားသည်။

“ ၀မ်ပေါင်ခြံစည်းရိုးစောင့်တဲ့ အပြင်ကင်းကို တိုက်ခိုက်ခဲ့တာပါ၊ တိုက်ပွဲ မိနစ် သုံးဆယ်လောက်ဖြစ်ပွားခဲ့တယ်။ သူတို့က လက်နက်ငယ်တွေနဲ့ပြန်ပစ်တယ်။ ရဲခွေး အင်အား ၂၀ လောက်ရှိတဲ့အထဲက နှစ်ယောက်တော့ သေသွားတယ်” ဟု တာ၀န်ရှိသူတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၈ ရက် ည ၇နာရီ မိနစ် ၃၀ တွင် PDF များက မြန်မာ၀မ်ပေါင်ကုမ္ပဏီ ခြံ၀န်းစောင့် စစ်ကောင်စီ လက်အောက်ခံ ရဲကင်းစခန်းကို ၄၀ မမ အပါအ၀င် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲသည် မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီ လက်အောက်ခံ ရဲ နှစ်ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များအနေဖြင့် အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

ယခုစစ်ဆင်ရေးအား National Revolutionary Guards (NRG-PDF) နှင့် တစ်ကိုယ်တော် သုဘရာဇာ အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ဝမ်ပေါင် #PDF