၀က်ကျိန်းအပြင်ရွာ အနီး စစ်ကောင်စီနှင့် AA တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၁၀ ဦးေ-သဆုံး

Author လင်းခိုင်
Categories
Published on Nov 19, 2022

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့မြောက်ပိုင်း၊ ၀က်ကျိန်းအပြင်ရွာအနီး စစ်ကောင်စီနှင့် AA တပ်တော်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ယနေ့တွင် ထုတ်ပြန်ထားသည်။

မောင်တောမြို့မြောက်ပိုင်းတွင် စစ်ကောင်စီတပ်များ ဆုံးရှုံးခဲ့သည့် စခန်းများကို စစ်ကောင်စီက ပြန်လည် ရယူရန် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် နေ့စဉ်ကြိုးစားလျက်ရှိပြီး၊ နို၀င်ဘာ ၁၈ ရက်တွင် ၀က်ကျိန်းအပြင်ရွာရှိ AA စခန်းရှိရာသို့ထိုးစစ်ဆင်လာပြီး ငါးနာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုးစစ်ဆင်လာသည့် စစ်ကောင်စီ တပ်မ ၇၇ လက်အောက်ခံ၊ ခမရ ၁၀၅ တပ်ရင်းသည် AA တပ်တော်မှ ပြန်လည်ခုံခံတိုက်ခိုက်ခဲ့သည့်အတါက် စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးပြီး၊ ၅ ဦးဒဏ်ရာရရှိခဲ့ကာ စစ်အသုံးအဆောင်ပစ္စည်းများ၊ ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါတိုက်ပွဲတွင် AA မှရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး၊ တိုက်ပွဲအတွင်း ထူးချွန်ပြောက်မြောက်စွာ တိုက်ပွဲ၀င်ခဲ့သည့် စစ်သည်တော်များအားလုံးကို လေးနက်စွာဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် စစ်ကောင်စီသည် ပလက်ဝဒေသ၌လည်း လက်နက်ကြီးများ၊ ဂျက်တိုက်လေယာဉ်များဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နေ့တိုင်းနီးပါး ပစ်ခက်တိုက်ခိုက်လျက်ရှိကြောင်း၊ စစ်သုံးဒရုန်းများဖြင့်လည်း အရပ်ဖက်ပြည်သူများကို တိုက်ခိုက်ခြင်းအား ခပ်စိပ်စိပ်ပြုလုပ်လျက်ရှိသည်ဟု AA က ထုတ်ပြန်သည်။

AA ဖက်မှလည်း စစ်ကောင်စီ၏ ဘူးသီးတောင် အခြေစိုက်၊ စကခ ၁၅ တပ်မဌာနချုပ်အား လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အထိအခိုက်အကျဆုံးများကို မသိရသေးသော်လည်း တပ်မဌာနချုပ်အတွင်း ထိမှန်ကျရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီသည် ပြည်သူများအား ဦးတည်ပစ်မှတ်ထားပြီး လက်နက်ကြီးများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်များပြုလုပ်လျက်ရှိသောကြောင့် ပြည်သူများအနေဖြင့် လက်နက်ကြီး ပစ်ခတ်သံများကြားပါက ဗုံးခိုကျင်းများနှင့် လက်နက်ကြီးလွတ်ရာနေသို့ နေထိုင်ရန် AA က သတိပေးနှိုးဆော်ထားသည်။

ဓာတ်ပုံ- AA

Website Link: https://cjplatform.com/

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform

#CjPlatform #AA #ရခိုင်ပြည်

Related News

Depend on news