ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်မှ တောင်သူတစ်ဦးရဲ့ တီးတိုးသံ

Author လဂွန်းအိမ်
Categories
Published on Oct 08, 2023

စပါးတွေကတော့ ရိတ်ရတော့မယ် တစ်ဧကကိုတင်း ၇၀ လောက်တော့ ထွက်မယ်ထင်တယ် စက်ရှိတဲ့‌သူတွေတော့ အဆင်ပြေတယ်၊ စပါးလှေ့စက် ထွန်စက် ရှိသူတွေပေါ့။

မျိုးစပါးအတွက်ကတော့ ကိုယ့် ပါကို စိုက်တာကိုပဲ မျိုးပြန်ထားလိုက်တာ တစ်ချို့တော့ ရုံးထုတ်ဆိုပြီး မျိုးစပါးတွေဝယ်တာရှိတယ် အဲ့ဒါက အစိုးရထုတ်ပြီး ရောင်းတာလား ဘာလားတော့မသိဘူး၊ ကိုယ့်ထွန်စက်နဲ့ ကိုယ်မျိုးစပါးရှိသူတွေအတွက်က အခက်အခဲကတော့မရှိသလောက်ပါပဲ။

စပါးတွေကို ကြဲခင်းပဲစိုက်တာများတယ် ကြဲခင်းနဲ့ စိုက်ခင်းတော့ကွာတယ် စိုက်ခင်းက အကုန်အကျများတော့ တော်ရုံတန်ရုံ မလုပ်ကြဘူး။

ရာသီဥတုဒဏ်နဲ့ပတ်သတ်ပြီး မိုးများလာရင် ခံရတာပဲ မိုးဆက်တိုက်ရွာရင် ရေမြုတ်တယ် စပါးကခုချိန်ဆို ရင့်ပြီလေ စပါးရင့်မှ ရေမြုတ်တော့ဆုံးရှုံးတာပေါ့ ရေမြုတ်တဲ့ စပါးတွေဆိုပစ်လိုက်ရတာ ခြွေလှေ့ထဲမှ ထည့်မရတာ။

စိုက်စရိတ်က ထွန်စက်တို့ ချွေလှေ့တို့ ရှိတဲ့သူကတော့ သိပ်မကျဘူး ဘာမှမရှိတဲ့သူကတော့ တစ်ဧကကို ၃ သိန်း‌ကျော်ကျော်လောက်ကျမယ် အစာဖိုး လုပ်အားခ ပေါင်းသတ်ဆေး စက်ငှားခ အကုန်ပဲ။

အစိုးရသတ်မှတ်ဈေးတော့ မသိဘူး ထွက်လာတဲ့စပါးကို ပွဲစား(စပါးကောက်သူ) ကိုပဲ ရောင်းလိုက်တာ တင်းတစ်ရာကို ၁၅ သိန်း နဲ့ကောက်တယ် တစ်ဧကကို တင်း ၇၀ ‌ပတ်လည်ထွက်တော့ တစ်ဧကကို ဆယ်သိန်းကျော်ရမှာပေါ့။

လုပ်သာလုပ်ရတာပါ ကိုက်လှတယ်တော့မဟုတ်ပါဘူး အစိုးရကထောက်ပံ့တာတော့ ဘာမှ မရှိဘူး စိုက်ဘဏ်ထုတ်ပေးတာပဲရှိမယ် အဲ့ဒါလည်း ဘယ်သူမှ သိပ်ပြီးမထုတ်ကြတော့ဘူး နိုင်ငံရေးကိစ္စတွေ ဖြစ်ပြီးထဲက တော်ရုံ မ‌ထုတ်ကြတော့တာ ထုတ်တဲ့သူတွေကလည်း မိသားစုလိုက် ပေါင်းပြီးပဲ ထုတ်တာများတယ်။