ဧရာဝတီတိုင်းတွင် နိုဝင်ဘာလအတွင်း ပစ်ခတ်မှုနှင့်ဗုံးပေါက်ကွဲမှု ၂၅ ကြိမ်ဖြစ်ခဲ့ပြီး ၉ ဦးသေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိ

Author ကိုပေါက်
Categories
Published on Dec 03, 2022

ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင် နိုဝင်ဘာလ တစ်လတာအတွင်း ပစ်ခတ်မှုနှင့် ဗုံးပေါက်ကွဲမှု ၂၅ ကြိမ်ဖြစ်ပွားခဲ့ပြီး ၉ ဦးသေဆုံးကာ ၁၁ ဦးဒဏ်ရာရရှိခဲ့သည်ဟု သတင်းအချက်အလက်များအရ သိရသည်။

ပစ်ခတ်မှုကြောင့် သေဆုံးသူ ၉ ဦးတွင် ပြည်ခိုင်ဖြိုးပါတီဝင် ၃ ဦး၊စစ်မှုထမ်းဟောင်း ၂ဦး၊ဆယ်အိမ်မှူး ၁ ဦးနှင့် စစ်ကောင်စီသတင်းပေးဟုဆိုသူ ၃ ဦးတို့ဖြစ်သည်ဟု အုပ်ချုပ်ရေးနှင့် နီးစပ်သူတစ်ဦးက CJ Platform ကို ပြောသည်။

“ဒီစာရင်းက ထွေအုပ်ကတဆင့် ပြည်ထဲရေးနဲ့ စစ်တပ်ကိုတင်ထားတဲ့ အချက်အလက်ပါ အချို့ အဲ့ဒီပစ်ခတ်မှုကိစ္စနဲ့ ဖမ်းခံရတာတွေလည်း ရှိတယ်”ဟု ပြောသည်။

ဒဏ်ရာရရှိသူ ၁၁ ဦးမှာ ပြည်ခိုင်ဖြိုးပါတီဝင်၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နှင့် စစ်ကောင်စီ သတင်းပေးဟုဆိုသူများဖြစ်ပြီး ဆေးရုံအသီးသီးတွင် ဆေးကုသမှုခံယူပြီး ကျန်းမာရေး ကောင်းမွန်နေသည်ဟု ကျန်းမာရေးဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက CJ Platform ကို ပြောသည်။

ပစ်ခတ်မှုနှင့် ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့သည့်မြို့နယ်များမှာ ကျိုက်လတ်၊ ရေကြည်၊ မအူပင်၊ ဖျာပုံ၊ မော်လမြိုင်ကျွန်း၊ ဘိုကလေး၊ ကျုံပျော်၊ ပုသိမ်စသည့်မြို့နယ်များဖြစ်ကြောင်း အချက်အလက်များအရ သိရသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ဧရာဝတီတိုင်း #ပေါက်ကွဲမှု #ပစ်ခတ်မှု