ဦးသန်းရွှေ ကြက်ဆူကဲ့သို့ နူကလီယားနှင့် လျှပ်စစ်ထုတ်မည်ဟု ရှရှားပြန် မင်းအောင်လှိုင်ပြော

Author CJ Platform
Categories
Published on Oct 04, 2022

အာဏာရှင်ဟောင်း ဦးသန်းရွှေ ကြက်ဆူပင် စိုက်ပျိုးပြီး စက်သုံးဆီထုတ်ယူမည့် အစီအစဉ်ကဲ့သို့ နျူကလီးယားနှင့် လျှပ်စစ်ထုတ်မည်ဟု ရုရှားပြန် အကြမ်းဖက်စစ်ကောင်စီ ခေါင်းဆောင်မင်းအောင်လှိုင်က ပြေားကြားခဲ့သည်။

အောက်တိုဘာ ၃ရက်တွင် UMFCCI နှင့် MSME လုပ်ငန်းရှင်များဖြင့် မင်းအောင်လှိုင်တို့တွေ့ဆုံခဲ့ပြီး နျူးကလီးယားမှ လျှပ်စစ်ထုတ်ရန်ပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးသန်းရွှေလက်ထက်တွင်လည်း ကြက်ဆူပင်မှဒီဇယ်ထုတ်ကာ မော်တော်ယာဥ်များတွင် ထည့်သွင်းမောင်းနှင်မည်ဟု စိတ်ကူးယဥ်ကာ မြန်မာနိုင်ငံနေရာအနှံ့ ကြက်ဆူပင်များစိုက်ပျိုးခဲ့သော်လည်း ယင်းစီမံကိန်းသည် အိပ်မက်မျှသာဖြစ်ခဲ့သည်။

မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက်တွင်လည်း သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာထိခိုက်စေသည့် အကြီးစားရေအား လျှပ်စစ်စီမံကိန်းများကို ပြန်လည်အသက်သွင်းရန် အပူတပြင်းလုပ်ဆောင်နေကြောင်းလည်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီခေါင်းဆောင်မင်အောင်လှိုင်က လျှပ်စစ်မီတာအသုံးပြုမှု သက်သာသည့် LEDမီးများကိုပြောင်းလဲ အသုံးပြုသင့်သည်ဟု အောက်တိုဘာ ၃ရက်တွေ့ဆုံပွဲ၌ လုပ်ငန်းရှင်များကို မှာကြားခဲ့သေသည်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ပြည်သူ့အာဏာကိုလုယူပြီးနောက် ၎င်းစိတ်ကြိုက်လုပ်ခြင်ရာပြုလုပ်နေပြီး လျှပ်စစ်ကားများတင်သွင်းကာ ပြည်တွင်း၌ အသုံးပြုမည်ဟုဆောင်ရွက်ခဲ့သော်လည်း မီးပုံမှန်မပေးနိုင်သည့်အတွက် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးများတွင် လျှပ်စစ်ကားများ အားသွင်းနိုင်မည့် Charging Station တည်ဆောက်နိူင်ရန် စမ်းသပ်လုပ်ဆောင်နေရာ အစီအစဥ်ကို ခေတ္တရပ်နားထားရသည်။