ဦးဝီရသူ တောင်းဆိုမှုကြောင့် စစ်ကောင်စီက နှင်းဆီပါတီဥက္ကဌဦးကျော်မြင့်ကို ပြန်မလွှတ်

Author ကိုပေါက်
Categories
Published on Nov 17, 2022

 

စစ်ကောင်စီအား အမျိုးသားရေး အစွန်းရောက် ဆရာတော်တစ်ပါးဖြစ်သူ ဦးဝီရသူက နိူင်ငံရေးအကျဥ်းသားများ ပြန်လွှတ်ပေးသည့်စာရင်းတွင် နှင်းဆီပါတီဥက္ကဌ ဦးကျော်မြင့်ကို ထည့်သွင်းပေးရန် တောင်းဆိုခဲ့ရာ စစ်ကောင်စီက အမြင်ကတ်၍ ပြန်မလွှတ်ပေးကြောင်း ပါတီနှင့် နီးစပ်သူတွေဆီက သိရသည်။

ဦးဝီရသူသည် နိုဝင်ဘာ ၁၅ ရက်နေ့က နေပြည်တော်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာနကို စာတင်၍ တောင်းဆိုခဲ့ပြီး နိုဝင်ဘာ ၁၆ ရက်နေ့တွင် လူတွေ့သွားရောက် တောင်းဆိုခဲ့ရာ စစ်ကောင်စီမှ ထွက်မတွေ့ခဲ့ကြောင်း ပါတီဝင်တစ်ဦးက CJ Platform ကိုပြောသည်။

“ဝီရသူက စစ်တပ်ကို နေပူထဲမှာ အကြာကြီးစောင့်ပြီး တွေ့ဖို့တောင်းဆိုတာတောင် ဟိုက ထွက်မတွေ့ဘူး သူသွားတောင်းဆိုလို့ အမြင်ကတ်ပြီး ပြန်မလွှတ်တော့တာ”ဟု ပြောသည်။

နှင်းဆီပါတီမှ လာဘ်လာဘများမျော်ကိုး၍ စစ်ကောင်စီအား နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ပြန်လွှတ်ပေးမည့် နိူင်ငံရေးအကျဥ်းသားများထဲတွင် ဦးကျော်မြင့်ကို ထည့်သွင်းစဥ်းစားရန် အသနားခံစာတင်ခဲ့သည်ဟု ပါတီဝင်တစ်ဦး CJ Platform ကိုပြောသည်။

“ဝီရသူက ဦးကျော်မြင်ရဲ့ မိသားစုတွေဆီက ပိုက်ဆံတောင်းလို့ကောင်းအောင် ပြန်လွှတ်အောင်လုပ်ပေးမယ် စစ်တပ်ကိုပိုင်တယ်ပေါ့ စစ်တပ်က သူ့ကိုလူရာကိုမသွင်းတာ စကားကို ပြန်မပြောဘူး”ဟု ပြောသည်။

စစ်ကောင်စီအနေဖြင့် ဦးဝီရသူကို ပြန်လွှတ်ပြီးနောက် ပတ်သက်မှု လုံးဝပြုလုပ်ခြင်းမရှိဘဲ အဆက်အသွယ် ဖြတ်တောက်ထားသည်ဟု ကြံ့ဖွံ့ပါတီဝင်တစ်ဦးက CJ Platform ကိုပြောသည်။

“သူတောင် ကံကောင်းလို့ လွှတ်လာတာ အဲ့ဒါကို သူများကိုအာမသွားခံနေသေးတယ် သူဘာသာပြန်လွှတ်မှာကို သူလုပ်လို့လွှတ်မပေးတော့ဘူး”ဟု ရှင်းပြသည်။

စစ်ကောင်စီက ယနေ့နံနက်ပိုင်းက မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အကျဥ်းသား ၅၀၉၈ ဦးအကျဥ်းသူ ၆၇၈ဦး ပြန်လည်လွှတ်ပေးခဲ့တာဖြစ်သည်။

ပုံစာညွှန်း- ယနေ့မနက်ပိုင်း အင်းစိန်ထောင်ရှေ့ မြင်ကွင်းများ

Website Link: https://cjplatform.com/

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform

#CjPlatform #နှင်းဆီပါတီ #ကျော်မြင့်