အောင်လံတွင် စစ်ကောင်စီမှ သားဖြစ်သူကို ရှာမတွေ့သဖြင့် ဖခင်ဖြစ်သူကို ဖမ်းဆီး

Author CJ-001
Categories
Published on Sep 24, 2022

မကွေးတိုင်း အောင်လံမြို့တွင် စစ်ကောင်စီမှ ဖမ်းဆီးလိုသည့် သားဖြစ်သူကို ရှာမတွေ့သဖြင့် ဖခင်ဖြစ်သူကို ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၂၃ရက်နေ့ မွန်းလွဲ ၃နာရီခန့်တွင် ကန်ကြီးရပ်ကွက်၊ လမ်းမတော်လမ်းရှိ ဒေလီယာပရိဘောဂဆိုင်ကို စစ်ကောင်စီတပ်မှ ဝင်ရောက်စီးနင်းပြီး အောင်လံမြို့နယ် NLDပါတီ လူငယ်တာဝန်ခံ ကိုသူရနိုင်ကို ရှာဖွေရာ မတွေ့ရှိတာကြောင့် ဖခင်ဖြစ်သူ ဦးဝင်းနိုင်ကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု NLDပါတီနှင့် နီးစပ်သူ ဒေသခံများထံမှ သိရသည်။

“သားဖြစ်သူက ၅၀၅ထိလို့ ရှောင်နေတာကြာပြီ၊ မရှိမှန်းသိသိနဲ့ အိမ်ကို တမင်ဝင်ရှာပြီး အဖေကို ဖမ်းသွားတာ၊ အခုထိပြန်မလွှတ်သေးဘူး” ဒေသခံတစ်ဦးမှ ပြောသည်။

ဖမ်းဆီးခံရသူ ဦးဝင်းနိုင်မှာ ကျန်းမာရေးကောင်းမွန်ခြင်း မရှိသဖြင့် မိသားစုအနေဖြင့် စိတ်ပူနေကြပြီး မိသားစုမှ တွေ့ဆုံခွင့်ရရေး ကြိုးပမ်းနေစဲဖြစ်ကြောင်း သိရသည်။