အောက်တိုဘာလ ပထမဆုံးနေ့မှာ ကိုဗစ် အတည်ပြုလူနာသစ် ၄၇၃ ဦးဖြင့် စတင်လာ

Published on Oct 01, 2022

ယနေ့ အောက်တိုဘာ ၁ ရက်တွင် ကိုဗစ် ၁၉ အတည်ပြုလူနာသစ် ၄၇၃ ဦးထိ တွေ့ရှိခဲ့ပြီး သေဆုံးသူ ၂ဦးရှိခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက ကိုဗစ်အတည်ပြုလူနာသစ် ၇၉၄၅ ဦး တွေ့ရှိခဲ့ပြီး သေဆုံး သူ ၂၀ ဦး ရှိခဲ့ပြီး တစ်လလုံး အတိုင်းအတာဖြင့် နေ့စဥ်တွေ့ရှိမှုများထဲမှ ၄၀၀ နီးပါးထိသာ တွေ့ရှိမှု ရှိခဲ့ပြီး ယခု အောက်တိုဘာ လအစမှာတော့ ၄၇၀ ကျော်ဖြင့် ရောဂါပိုးတွေ့ရှိမှု မြင့်တက်လာခဲ့သည်ကို တွေ့ရသည်။

ယနေ့ အောက်တိုဘာ ၁ ရက်၊ ည ၈ နာရီ အချိန်ထုတ်ပြန်ချက်အရ ကိုဗစ် ၁၉ အတည်ပြုလူနာ ၄၇၃ ဦးတွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံ ၌ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၆၂၃,၆၃၉ ဦး ရှိခဲ့ပြီး သေဆုံးခဲ့သူ စုစုပေါင်း ၁၉,၄၆၀ ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

ကိုဗစ် ၁၉ ရောဂါပိုးသည် ပြည်တွင်း၌ ပြန်လည်ကူးစက်လာခဲ့သည်မှာ သြဂုတ်လ ၏ နောက်ဆုံးပတ်မှ စတင်ခဲ့ရာချီကာတွေ့ရှိလာခဲ့ပြီး ကူးစက်မှု နှုန်းနေစဥ် မြင့်တက်လာခဲ့သည်ကို တွေ့သည်။ ထိုကူးစက်မှုများအတွင်း ရန်ကုန်တိုင်းဒေသကြီးသည် ကူးစက်ခံရမှု အများဆုံးဖြစ်သည်။