အောက်တိုဘာလ၏ ၂ ပတ်ကျော် ကာလအတွင်း ကိုဗစ် အတည်ပြုလူနာသစ် ၅၆၀၀ ကျော်ဦး တွေ့ရှိခဲ့

Published on Oct 17, 2022

အောက်တိုဘာလ ၁ ရက်မှ အောက်တိုဘာလ ၁၇ ရက်ထိ ကိုဗစ် အတည်ပြုလူနာသစ် ၅၆၉၅ ဦးတွေ့ရှိခဲ့ပြီး သေဆုံးသူ ၁၂ ဦး ရှိခဲ့ကြောင်း စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့ အောက်တိုဘာ ၁၇ ရက်တွင် ကိုဗစ် အတည်ပြုလူနာသစ် ၂၈၄ ဦးတွေ့ရှိခဲ့ပြီး သေဆုံးသူ တစ်ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာ ၁၆ ရက်က ကိုဗစ် အတည် ပြုလူနာသစ် ၂၅၅ ဦးတွေ့ရှိခဲ့ပြီး ယနေ့မှာတော့ ကိုဗစ်အတည်ပြုလူနာသစ် ၂၈၄ ဦး တွေ့ရှိခဲ့ကာ ယမန်နေ့ကထက် ၂၉ ဦး တိုးလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ ၌ ယနေ့ အထိ ကိုဗစ်အတည်ပြုလူနာ စု စုပေါင်း ၆၂၈,၈၆၁ ဦး ရှိခဲ့ပြီး သေဆုံးခဲ့သူ စုစုပေါင်း ၁၉,၄၇၁ ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

ကိုဗစ် ၁၉ ရောဂါပိုးသည် ပြည်တွင်း၌ ပြန်လည်ကူးစက်လာခဲ့သည်မှာ သြဂုတ်လ ၏ နောက်ဆုံးပတ်မှ စတင်ခဲ့ရာ သြဂုတ်လ တစ်လတာအတွင်း အတည် ပြုလူနာသစ် ၁၃၀၃ ဦးတွေ့ရှိခဲ့ပြီး၊ စက်တင်ဘာလ တစ်လတာအတွင်း အတည်ပြုလူနာသစ် ၇၉၄၅ ဦး ထိ တိုးမြှင့်တွေ့ရှိလာခဲ့သည်ကို တွေ့ရသည်။