အိုဇေးလ်ပုံတွေကိုင်ဆောင်ပြီး ဂျာမနီအသင်းကို လှောင်ပြောင်ခဲ့ကြတဲ့ ကာတာပရိသတ်များ

Author မောင်ရှမ်း
Categories
Published on Nov 28, 2022

စပိန်နဲ့ ဂျာမနီတို့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်မှာ ကာတာနိုင်ငံက ပရိသတ်တစ်ချို့ဟာ ကွင်းအတွင်းမှာ အိုဇေးလ်ရဲ့ပုံတွေကို ကိုင်ဆောင်ပြီး ပါးစပ်ကိုလက်နဲ့ပိတ်ထားတဲ့ပုံစံပြုလုပ်ကာ ဂျာမနီအသင်းကို လှောင်ပြောင်ခဲ့ကြပါတယ်။ အကြောင်းရင်းကတော့ ဂျာမနီအသင်းဟာ ဂျပန်နဲ့ပွဲစဉ်မတိုင်ခင်မှာ FIFA ဘက်ကနေ OneLove အသင်းခေါင်းဆောင်လက်ပတ် ဝတ်ဆင်ခွင့်ပိတ်ခဲ့တဲ့အပေါ် ခွဲခြားဆက်ဆံမှုကို ဆန့်ကျင်ကြောင်း အသံတိတ်ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

ကာတာမှာရှိတဲ့ပရိသတ်တွေကတော့ ဂျာမနီအသင်းရဲ့လုပ်ရပ်ဟာ အပေါ်ယံလုပ်ဆောင်ခဲ့ခြင်းသာဖြစ်ပြီး သူတို့ကိုယ်တိုင်က ခွဲခြားမှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ ယုံကြည်နေခဲ့ကြပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဂျာမနီအသင်းဟာ အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရချိန်မှာ တူရကီမှာမွေးဖွားခဲ့ပြီး ဂျာမန်အသင်းအတွက် ကစားပေးခဲ့တဲ့ အိုဇေးလ်အပေါ် ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။

ဒါကြောင့် အိုဇေးလ်ကိုယ်တိုင်က ကျွန်တော်တို့ဟာ ခြေစွမ်းပြနိုင်တဲ့အခါ ဂျာမနီသားတစ်ယောက်ပေါ့။ ခြေစွမ်းကျဆင်းပြီဆိုရင်တော့ အလိုအလျောက်ကို တူရကီသားဖြစ်သွားတော့တာပဲ လို့ ပြောဆိုခဲ့ကာ လက်ရွေးစင်ကစားသမားဘဝကို ကျောခိုင်းခဲ့သူဖြစ်ပါတယ်။ ဒါကြောင့် ကာတာပရိသတ်တွေကတော့ အိုဇေးလ်အပေါ် ခွဲခြားဆက်ဆံခဲ့တဲ့ ဂျာမနီကို အခုလိုတုံ့ပြန်ခဲ့ကြတာဖြစ်ပါတယ်။