အိမ်သာသုံး စက္ကူပါ ပြည်ပမှ ၀ယ်ယူနေရသည့် အခြေအနေတွင် ပြည်တွင်း၌ စက္ကူထုတ်လုပ်မည်ဟု စစ်ကောင်စီ ဆိုလာပြန်

Author လင်းခိုင်
Categories
Published on Nov 12, 2022

အိမ်သာသုံးစက္ကူပါ ပြည်ပမှ ၀ယ်ယူနေရသည့် အခြေအနေတွင် ပြည်တွင်း၌ စက္ကူထုတ်လုပ်မည်ဟု စစ်ကောင်စီက အစည်းအဝေးပြုလုပ်ခဲ့သည်။

စက္ကူကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေးအတွက် ကြီးမြန် သစ်တောစိုက်ခင်း တည်ထောင်စိုက်ပျိုးခြင်းနှင့် ဝါးထုတ်လုပ်နိုင်မှု အခြေနေတို့နှင့်ပတ်သက်ပြီး စစ်ကောင်စီသည် နို၀င်ဘာ ၁၁ ရက်တွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ပြည်တွင်းတွင် စက္ကူထုတ်လုပ်နိုင်ရန် စက္ကူစက်ရုံများအတွက် ကုန်ကြမ်းသစ်လုံးနှင့် ဝါးလိုအပ်ချက်များ ရှာဖွေပြီး၊ စက္ကူစက်ရုံများ တည်နေရာ၊ ဒေသအလိုက် ပေါက်ရောက်ဖြစ်ထွန်းနိုင်မည့် သစ်မျိုးများ၊ စက်မှုကုန်ကြမ်းစိုက်ခင်းများ တည်ထောင်နိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့သည်ဟုလည်း စစ်ကောင်စီက ဆိုထားပြန်သည်။

ပြည်တွင်းရှိ စက္ကူစက်ရုံများသည် ပြန်သုံးစက္ကူနှင့် ကဒ်ထူ ကုန်ကြမ်းများကို တရုတ်နှင့် အိန္ဒိယက စျေးကောင်းပေး၀ယ်သည့် အတွက် စျေးကွက်တွင် ၀ယ်လို့မရသလောက်ရှားပါးကာ ပြည်တွင်း စက္ကူစက်ရုံများသည် ၂၀၁၈ ခုနှစ်မှ စတင်ကာ ရပ်နားခဲ့ရသည်။

ပြည်တွင်းပုဂ္ဂလိက စက္ကူစက်ရုံများအနေဖြင့်လည်း ကိုယ်ပိုင် ပျော့ဖက် ထုတ်လုပ်နိုင်ခြင်းမရှိပေ၊ ထို့ပြင် ပြည်ပမှ ၀င်လာသည့် စက္ကူကုန်ချောပစ္စည်းများသည် ပြည်ပ ကုန်ချော အရည်အသွေးကို မယှဉ်နိုင်ပဲ စျေးနှုန်းသည်လည်း တန်းတူမရနိုင်သည့်အတွက် ပြည်တွင်း စက္ကူလုပ်ငန်းသည် ရပ်တန့်ခဲ့ရသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံး စက္ကူထုတ်လုပ်ရေးစက်ရုံဖြစ်သည့် သာပေါင်းစက္ကူပျော့ဖက်စက်ရုံသည်လည်း လက်ရှိတွင် လုပ်ငန်းလည်ပတ်ခြင်းမရှိဘဲ စက်ရုံတစ်ခုလုံး နီးပါး ပျက်စီးနေပြီဖြစ်သည်။

ဓာတ်ပုံ- Google
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #စက္ကူ #ပြည်တွင်းထုတ် #သာပေါင်းစက္ကူစက်ရုံ

Related News

Depend on news