အိမ်စီးကားဖြင့် လာသည့် ရွာသစ်ကြီး ရဲစခန်းမှူး အပါအဝင် ငါးဦး ပစ်ခတ်ခံရပြီး အနည်းဆုံး ၂ ဦးသေဆုံး

Author လင်းခိုင်
Categories
Published on Feb 11, 2023

အိမ်စီးကားဖြင့် လာသည့် ရွာသစ်ကြီးရဲစခန်းမှူးအပါအဝင် ငါးဦးပစ်ခတ်ခံရပြီး အနည်းဆုံး ၂ ဦးသေဆုံးခဲ့ကြောင်း People’s Army to Fight Dictatorship အဖွဲ့ခေါင်းဆောင် ဗိုလ်တေဇက CJ Platform သို့ပြောကြားသည်။

ဖေဖော်ဝါရီ ၁၁ ရက်တွင် စစ်ကိုင်းမြို့၊ နယ်ရွာသစ်ကြီးစံပြကျေးရွာနှင့် နက်ခရိုင်ကြားတွင် Max2 ကားဖြင့် လာသည့် ရွာသစ်ကြီးရဲစခန်းမှူးအပါအဝင် ငါးဦးကို ဒေသခံ PDF ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တာ၊ အတိအကျ ရတာတော့ သူတို့နှစ်ယောက်သေတယ်တဲ့၊ ကျွန်တော်တို့ ပစ်ချက်က တော်တော်များများတယ်။ ကားသမားကလွဲရင်ကျန်တဲ့သူအကုန်သေတယ်လို့လဲသိရတယ်” ဟု ဗိုလ်တေဇက ပြောကြားသည်။

ရဲစခန်းမှူးစီးလာသည့် ကားကို ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည့်အတွက် စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိဘဲ ကားအား မောင်းနှင်ထွက်ပြေးခဲ့ကြောင်းလည်း သိရသည်။

“ကျွန်တော်တို့က ပစ်လိုက်တော့ ကားကထိုးရပ်သွားတယ်။ ပွဲသိမ်းခါနီးမှာ မောင်းပြန်သေနတ် နှစ်လက်လုံးက ဂျန့်ဖြစ်သွားတော့ ကားမောင်းပြီးထွက်ပြေးသွားတယ်။ နို့မို့ဆိုပစ္စည်းတွေပါရတယ်” ဟု ဗိုလ်တေဇက ပြောကြားသည်။

ယခု စစ်ဆင်ရေးအား People’s Army to Fight Dictatorship ၊ DAFD တပ်ခွဲ DK PDF-MMU တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ – People’s Army to Fight Dictatorship
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #စစ်ကိုင်း #နယ်ရွာသစ်ကြီးစံပြကျေးရွာ #စခန်းမှူး