အာဏာသိမ်းမှုအလွန် ပြည်တွင်း စစ်ဘေးရှောင် ဒုက္ခသည် ၂ သန်းနီးပါးအထိရှိလာကာ စစ်ကိုင်းတိုင်းဒေသကြီးတွင် အများဆုံးဖြစ်

Author မွန်လေး
Categories
Published on Dec 28, 2022

 

အာဏာသိမ်းမှုအလွန် ပြည်တွင်း စစ်ဘေးရှောင် ဒုက္ခသည် ၂ သန်းနီးပါးအထိရှိလာကာ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် အများဆုံးဖြစ်ကြောင်း ISP Myanmar စစ်တမ်းတွင် ဖော်ပြထားသည်။

စစ်အာဏာသိမ်းသည့်အချိန်မှ ယခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့အထိ လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်များကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်တွင်း စစ်ဘေးရှောင်ဒုက္ခသည် ၁၉၁၂၇၆၉ ရှိလာခဲ့ပြီး၊ တိုက်ပွဲအရှိန် ပိုမိုမြင့်တက်လာခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း စစ်ဘေးရှောင်ဒုက္ခသည် ၁၃၅၅၁၄၄ ထက်မနည်း တိုးလာခဲ့ခြင်း ဖြစ်သည်။

စစ်ဘေးရှောင်ဒုက္ခသည် ၂သန်းနီးပါအနက် စစ်ကိုင်းတိုင်းအတွင်းရှိ လူဦးရေ ၇၉၄၂၂၈ ဦးထက်မနည် စစ်ဘေးရှောင်နေထိုင်နေရကာ မြန်မာတစ်နိုင်ငံလုံးတွင် အများဆုံးဖြစ်ကြောင်းလည်း ISP Myanmar စစ်တမ်းအရသိရသည်။

၂၀၁၉ ခုနှစ် ကြားဖြတ် လူဦးရေ သန်းခေါင်စာရင်းအရ စစ်ကိုင်းတိုင်းတွင် နေထိုင်သူ လူဦးရေ ၅သန်းကျော်အနက် ၊ ၈သိန်းနီးပါးသည် စစ်ဘေးရှောင်နေရသည့်အတွက် နေထိုင်သူလူဦးရေ ၁၅ ရာခိုင်နှုန်းသည် စစ်ဘေးဒုက္ခသည် အဖြစ်သို့ရောက်ရှိနေခြင်းဖြစ်သည်။

ထို့ပြင် ယခုလဆန်းပိုင်းအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၌ စစ်ကောင်စီနှင့် TNLA တို့အကြား တိုက်ပွဲများဖြစ်ပွားမှု ပြင်းထန်ခဲ့ပြီး၊ စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှု ၃၈ ကြိမ်ထက်မနည်း၊ လက်နက်ကြီးပစ်ကူ တိုက်ခိုက်မှု ၃၄ ကြိမ်ထညက်မနည်းပြုလုပ်ခဲ့ရာ၊ တိုက်ပွဲဗဟိုချက်အနီး ဟူမန်း၊ တာလတ်နှင့် မန်လုံးကျေးရွာမှ ဒေသခံ ၁၄၀၀ ထက်မနည်း နမ့်ဆန်မြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ယခုကဲ့သို့ စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဒုက္ခသည်များ ပိုမိုများပြားလာပြီး၊ အခြေခံ အသုံးအဆောင်ပစ္စည်းများ၊ စားနပ်ရိက္ခာအခက်အခဲများ ကြုံတွေ့နေရကြောင်းလည်း သိရသည်။

ဓာတ်ပုံ- ကိုရာဟု
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #စစ်ကိုင်းတိုင်း #စစ်ဘေးရှောင်