အာဏာသိမ်းကာလ တစ်နှစ်ကျော်ကာလအတွင်း ကရင်နီတွင် အရပ်သား သုံးရာနီးပါးဆုံးပါးခဲ့ရ

Author ခေတ်နီ
Categories
Published on Dec 01, 2022

စစ်တပ်ကအာဏာသိမ်းပြီး နှစ်နှစ်နီးပါးအတွင်း ကရင်နီပြည်မှာ အရပ်သား၂၈၄ဦးထိ သေဆုံးခဲ့ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPFမှ ထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်မှ စတင်ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့အထိ တစ်နှစ်ခွဲကျော်ကာလအတွင်း ကရင်နီပြည်နေရာအနှံ့တွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် ဒေသကာကွယ်ရေးတပ်များကြားတို က်ပွဲပေါင်း ၅၄၅ကြိမ်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက် မှ၁၆၅၆ဦးထိ သေဆုံးခဲ့သည်။

အဆိုပါ ကာလများအတွင်း စစ်ကောင်စီဘက်မှ ဖမ်းဆီးသွားသူ ၂၇၈ဦးထိရှိနေပြီး အရပ်သား ၂၈၄ဦးထိသေဆုံးခဲ့ကာ ထိုအထဲမှ ၁၁၆ဦးသည် စစ်ဘေးတိမ်းရှောင်ရင်း သေဆုံးခဲ့တာပဲ ဖြစ်သည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုနှင့် လက်နက်ကြီးထိမှန်မှုများကြောင့် အရပ်သားနေအိမ် ၁၂၉၃ခန့် ပျက်စီးခဲ့ပြီး ဘာသာရေး အဆောက်အအုံ ၂၇လုံးလည်း ပျက်စီးဆုံးရူံးခဲ့သည်။

ကရင်နီပြည်နယ်အတွင်းမှာ အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့များကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ၂၀၂၁ခုနှစ် မေလမှ စတင်ပြီး ယနေ့အချိန်အထိ စစ်ဘေးတိမ်းရှောင်နေရသူ အရပ်သား၂ သိန်းကျော်ခန့်ထိ ရှိနေပြီပဲ ဖြစ်သည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ကရင်နီပြည် #အရပ်သား #စစ်ဘေးရှောင်