အာဂျင်တီးနားကို အနိုင်ရပြီးနောက်မှာ အများပြည်သူရုံးပိတ်ရက် သတ်မှတ်ပေးခဲ့တဲ့ ဆော်ဒီဘုရင်

Author မောင်ရှမ်း
Categories
Published on Nov 23, 2022

ဆော်ဒီအာရေဗျအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအုပ်စုပွဲစဉ်မှာ တောင်အမေရိက အင်အားကြီးအသင်းတစ်သင်းဖြစ်တဲ့ အာဂျင်တီးနားကို အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါအောင်ပွဲအတွက် ပြည်သူတွေလွတ်လပ်စွာအောင်ပွဲခံနိုင်ဖို့အတွက် ဆော်ဒီဘုရင် ဆဲလ်မန်းကတော့ ဒီနေ့ (နိုဝင်ဘာ ၂၃) ကို အများပြည်သူ အားလပ်ရက်အဖြစ် ကြေညာခဲ့တယ်လို့ သိရှိရပါတယ်။

ဆော်ဒီအသင်းဟာ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက်မှာ နိုင်ပွဲ ၃ ပွဲသာ ရရှိထားဖူးတဲ့အသင်းဖြစ်ပြီး ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းတွေထဲက အာဂျင်တီးနားလိုအသင်းကို အနိုင်ရခဲ့တာကြောင့် ပရိသတ်တွေကလည်း အရူးအမူးအောင်ပွဲခံနေခဲ့ကြပါတယ်။

ဆော်ဒီနည်းပြ ရီနာ့ဒ်ကလည်း “ဒါဟာ ဘောလုံးပါပဲ။ တစ်ခါတလေမှာ ကျွန်တော်တို့ကို ရူးသွပ်သွားစေပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

ဒီနေ့မှာတော့ ဆော်ဒီအာရေဗျတစ်နိုင်ငံလုံးမှာရှိတဲ့ အလုပ်သမားတွေ၊ ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေဟာ အားလပ်ရက်အဖြစ် ပျော်ရွှင်စွာနဲ့ ရှိနေခဲ့ကြပါတယ်။ ဆော်ဒီအသင်းဟာ လာမယ့် စနေနေ့မှာတော့ အုပ်စု C ရဲ့ ဒုတိယမြောက်ပွဲစဉ်အဖြစ် ပိုလန်အသင်းနဲ့ ရင်ဆိုင်ကစားရဖို့ ရှိနေပါတယ်။ အဲဒီပွဲမှာ ရလဒ်ကောင်းခဲ့မယ်ဆိုရင်တော့ နောက်တစ်ဆင့်တက်လှမ်းနိုင်ဖို့ အခြေအနေကောင်းတစ်ရပ်ကို ပိုင်ဆိုင်သွားမှာလည်းဖြစ်ပါတယ်။