အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း) ရေးဆွဲရေးလုပ်ငန်းအဖွဲ့ ဖွဲ့စည်း

Author CJ Platform
Categories
Published on Aug 26, 2022

🖋လင်းခိုင်
အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း) ရေးဆွဲရေးလုပ်ငန်းအဖွဲ့ကို အဖွဲ့ဝင်၂၄ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီက ယနေ့ထုတ်ပြန်ထားသည်။
အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း)ကို ရေးသားပြုစုနိုင်ရန်အတွက် လုပ်ငန်းအဖွဲ့ကို ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၂)၊ “ကြားကာလဖွဲစည်းအုပ်ချုပ်ပုံအစီအမံ” ၏ ပုဒ်မ (၅၄) နှင့်အညီ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့တွင် စတင်ဖွဲစည်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လုပ်ငန်းအဖွဲ့တွင် NUCC ကောင်စီဝင်များ၊ အဖွဲ့ဝင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ NUG ကိုယ် စားလှယ်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ Kachin Political Interim Coordination Team (KPICT) စသည့် ပါဝင်သင့် ပါဝင်ထိုက်သူများပါဝင်သည့် အဖွဲ့ဝင် ၂၄ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
လုပ်ငန်းအဖွဲ့မှ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) အား ပြုစုပြီးနောက်တွင် NUCC အနေဖြင့် ပိုမိုကျယ်ပြန့်သော နိုင်ငံရေးအင် အားစုများဖြင့် ဆွေးနွေးဆောင်ရွက်မှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။