အလုပ်သွားလုပ်မည်ဆိုကာ နေအိမ်မှ ထွက်ခွာသွားသည့် လူငယ်အား ခြေ၊လက်များ ပြတ်ကာ သေဆုံးလျက်တွေ့ရှိ

Author မေ
Categories
Published on Dec 15, 2022

ရန်ကုန်မြို့၊ ထောက်ကြန့်မြို့နယ်၌ အလုပ်သွားလုပ်မည်ဆိုကာ နေအိမ်မှ ထွက်ခွာသွားသည့် လူငယ်အား လမ်းဘေးခြုံတစ်ခုအတွင်းမှ ခြေ၊လက်များ ပြတ်ကာ သေဆုံးလျက်တွေ့ရှိခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ထောက်ကြံ့မြို့နယ်၌ နေထိုင်သော အသက် ၁၇နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦးမှာ အလုပ်လုပ်ရန်ဆိုကာ နေအိမ်မှ ထွက်ခွါသွားခဲ့ကြောင်း သိရသည်။ ထိုသို့ နေအိမ်မှ ထွက်ခွါသွားရာမှ တစ်ပတ်ခန့်အကြာ (ဒီဇင်ဘာ ၁၃ရက်)၌ ၎င်းနေထိုင်ရာ ရပ်ကွက်အတွင်း နွယ်ခွေအစာစပ်စက်ရုံဘေးရှိ လမ်းဘေးခြုံပုပ်တစ်ခု၌ လက်တစ်ဖက်၊ ခြေထောက်တစ်ဖက် ပြတ်လျက် ပုတ်ပွကာ သေဆုံးနေသော အလောင်းအား တွေ့ရှိခဲ့ရကြောင်း သိရသည်။

” အဲ့ဒီရပ်ကွက်မှာဘဲ နေတဲ့ကောင်လေးပါ။ အလုပ်လုပ်ဖို့ အိမ်ကထွက်သွားတာ တစ်ပတ်လောက်ရှိပြီ။ အခုပြန်တွေ့တော့ အလောင်းဘဲတွေ့တာ။ ခြေတစ်ဖက်၊ လက်တစ်ဖက်လည်း ပြတ်နေတဲ့ အနေအထားနဲ့ဘဲ”ဟု ကူညီပေးခဲ့သူ တစ်ဦးကပြောသည်။

သေဆုံးသူအလောင်းအား အင်းစိန်ဆေးရုံသို့ ပို့ဆောင်ထားပြီး စစ်ဆေးနေကြောင်း သိရသည်။ စစ်အာဏာသိမ်းပြီးနောက် တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေသော ရန်ကုန်မြို့၌ ဒီဇင်ဘာ ၁၂ရက်ကလည်း ရန်ကုန်မြို့လည် ၂၇လမ်း (အောက်လမ်း)၌ နေအိမ်တွင်တစ်ဦးတည်းနေထိုင်သူ အမျိုးသားတစ်ဦးအား နေအိမ်၌ပင် သေဆုံးလျက် တွေ့ရှိခဲ့သည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ရန်ကုန်မြို့ #ထောက်ကြံ့မြို့နယ် #လူသတ်မှု