အရှေဒဂုံမြို့နယ် သတ္တုအရည်ကြိုစက်ရုံတွင် ပေါက်ကွဲမှုဖြစ် တစ်ဦးသေ တစ်ဦးဒဏ်ရာရ

Author ကိုပေါက်
Categories
Published on Jan 06, 2023

ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် ၁၁ ရပ်ကွက် ဒဂုံအရှေ့စက်မှုဇုန်၊ ဖန်ချက်ဝန် ဦးညွန့်လမ်းရှိ သတ္တုအရည်ကျိုစက်ရုံတွင် ယနေ့ နံနက်ပိုင်းက ပေါက်ကွဲမှု့ဖြစ်ခဲ့ရာ ဝန်ထမ်းတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု စက်မှုဇုန်တွင် နေထိုင်သူတွေဆီက သိရသည်။

ထုံဟုန် သတ္တုအရည်ကြိုစက်ရုံတွင် ယနေ့နံနက်ကိုးနာရီက သံအပိုင်းအစ၊ ဘီယာဗူးခွံများ Pressပြုလုပ်၍ ပုံသွင်ထားသည့် ဘလောက်တုံးများကို ဖြတ်တောက်စဥ် ပေါက်ကွဲမှု ဖြစ်ခဲ့တာဟု ရပ်ကွက်နေသူတစ်ဦးက CJ Platform ကိုပြောသည်။

“သံတွေ အရည်ကြိုဖို့ ဘလောက်တုံးတွေ ဖြတ်နေတဲ့အချိန် ဂက်စ်အိုးပါသွားလို့ ပေါက်ကွဲတယ်လို့ ကြားတယ် သေတာရော ဒဏ်ရာရတဲ့ရော စက်ရုံဝန်ထမ်းတွေ”ဟု ပြောသည်။

ပေါက်ကွဲမှုကြောင့် သေဆုံးသူမှာ ကိုသက်မျိုးဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူမှာ ကိုအောင်ကျော်သူဖြစ်သည်ဟု စက်ရုံ
နှင့် နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

“သေတဲ့သူက မျက်နှာတွေ ခြေထောက်တွေ လက်တွေထိပြီး သေတာ ဒဏ်ရာရတဲ့သူကလည်း အခြေအနေ မကောင်းဘူး လက်နှစ်ဖက်လုံးကျိုး ခန္ဓာကိုယ်အနှံ့ နေရာတွေချည်းပဲ”ဟု ရှင်းပြသည်။

လက်ရှိအခြေအနေတွင် သေဆုံးနှင့် ဒဏ်ရာရရှိသူကို လူနာတင်ယာဥ်ဖြင့် စစ်ကောင်စီတပ်မှ ဆေးရုံကို ပို့ဆောင်ပြီးစစ်ဆေးမှုများပြုလုပ်နေသည်ဟု ဝန်ထမ်းတွေဆီက သိရသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ဒဂုံမြို့သစ် #သတ္တုအရည်ကြိုစက်ရုံ #ပေါက်ကွဲမှု