အရေပြားရောဂါကင်းစင်ဖို့ ဘာတွေလုပ်ကြရမလဲ

Published on Oct 29, 2023

၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၂၉ရက်နေ့ကို ကမ္ဘာ့ ဆိုရီရေးစစ် (psoariasis)၊ နှင်းခူ (eczema)၊ အရေပြားရောင်ရမ်းခြင်း (dermatitis) ၊မြန်မာလူမျိုးများအခေါ် (ဂျွတ်၊ပွေးနာ၊ထပ်တရာနာ)  ကမ္ဘာ့ဆိုရီရေးစစ်နေ့ (World  Psoriasis Day) အဖြစ် သတ်မှတ် ထားခဲ့သည်မှာ ယနေ့တွင် (၉)           နှစ်မြောက် ဖြစ်သည်။ အရေပြားရောဂါဖြစ်ပွားနှင့် ဆောင်ရန် ရှောင်ရန်များကို   CJ Platform ကျန်းမာရေး‌ ဗဟုသုတ ကဏ္ဍမှ ရေးသားဖော်ပြလိုက်ရပါသည်။

 

ယနေ့သည် ဆိုရီရေးစစ်ဟုခေါ်သော ရောဂါ အား လူအများသိရှိနားလည်ကြစေရန်နှင့် ဆိုရီရေးစစ်လူနာရှင်တို့အား နားလည်၊ စာနာ၊ ကူညီတတ်စေရန်၊ အမှတ်တရ သတ်မှတ်ထားခြင်း ဖြစ်သည်။

 

ဆိုရီရေးစစ်ရောဂါအား အလေးထား ဂရုစိုက်ကုသရန် အရေးကြီးပုံ၊ အရေပြားပေါ် အနီကွက်ပေါ်၍ ယားယံခြင်း၊ ရောင်ယမ်းခြင်း သည် လူအများစုအတွက် အဆင်မပြေဖြစ်နိုင်‌မှုအား မည်သို့ လိုက်နာဆောင်ရွက်ရမည်နှင့် အရေပြားတွင် အဖြစ်များသော ရောဂါများ၏ အကြောင်းရင်းများအား အရေးပြားအထူးကု သမားတော်ကြီးတစ်ဦး ဖြစ်သူ ဆရာမ Dr.Su မှာ CJ Platform အား ဆွေးနွေးပြောကြားထားမှုအား တင်ဆက်ဖော်ပြပါသည်။

 

***  ဆိုရီ‌ရေးစစ်(Psoriasis)ရောဂါဆိုတာ ဘယ်လိုအရေပြားရောဂါမျိုးလဲ

 

ကာလတာရှည်ခံစားနေရပြီး အရေပြားရောင်ရမ်းသော ရောဂါတစ်မျိုးဖြစ်ခြင်း ၊ရောဂါပြင်းထန်မှုမှာ တက်လိုက်၊ ကျလိုက် ဖြစ်စေတတ်သော လက္ခာရှိခြင်း၊ ဆိုရီ‌ရေးစစ်ရောဂါကို ကမ္ဘာ့လူဦးရေ၏ ၂ မှ ၃ ရာခိုင်နှုန်း ခန့် ခံစားနေ‌သောကြောင့် ဆိုရီရေးစစ်ရောဂါသည် လူတစ်ဦးမှတစ်ဦး သို့မကူးဆက်နိုင်ပါ။ဆိုရီရေးစစ် ရောဂါကို အသက်အရွယ်မရွေး၊ လူမျိုးဘာသာမရွေး၊ ခံစားရနိုင်သည်။ ဆိုရီယားစစ်ရောဂါဖြစ်သော အကြောင်းအရင်းကို လေ့လာနေကြဆဲဖြစ်ပြီး တွေ့ရှိချက်တစ်ခုမှာ လူ၏ ကိုယ်ခံစွမ်းအားစနစ် အလိုလိုတုံ့ပြန်မှု ပြောင်းလဲသောကြောင့် ဖြစ်တတ်ခြင်း၊ မျိုးရိုးနှင့် သက်ဆိုင်ခြင်းကိုလည်း တွေ့ရှိခဲ့သည်။ တချို့လူနာ များသည် မျိုးရိုးထဲတွင် ရောဂါဖြစ်ဖူး သူမရှိပဲ ရောဂါဖြစ်ပွားကာ အရေပြားဆဲလ်များတွင် တွေ့ရှိခဲ့ရပြီး သက်တမ်းမှာ ၂၈ ရက်ခန့်ကြာသော် ဆိုရီရေးစစ်ရောဂါလက္ခာများ ဖြစ်လာတတ်သည်။

 

*** ဆိုရီရေးစစ်ရောဂါလက္ခဏာများကို ဘယ်လိုသိနိုင်လဲ

 

အရေပြားအကွက်လေးများသည် ခပ်မြန်မြန် ချက်ချင်းပေါ်လာတတ်သလို၊ တစ်ဖြေးဖြေး တစ်ကွက်ချင်းပို များလာသူများလည်း ရှိတတ်ပြီး၊ အရေပြားအကွက်လေးများသည် နီ မြန်းခြင်း၊ ထူလာခြင်း၊ အရေပြားကို ထူးခြားသော အဖြူရောင်အကြေးခွံ ထူထူများပေါ်ကာ ဖုံးထားတတ်ခြင်း ထိုအကြေးခွံလေးများကို ပွတ်ခွာကြည့်ပါက၊ သွေးထွက်နေသော အစက်လေးများကို တွေ့ရတတ်သည်။ ထိုလက္ခဏာကို ထူးခြားသော ဆိုရီယားစစ်ရောဂါ၏ Auspitz Sign ဟု ခေါ်ပါသည်။ သို့သော် ပွတ်တိုက်စားမှုများသော ချွေးစိုသော နေရာများဖြစ်သည့် ပေါင်ကြား၊ ဂျိုင်း ကြားကဲ့သို့ နေရာမျိုးတွင် အကြေးခွံလေးများကို မတွေ့နိုင်ဘဲ၊ ပြောင်ချော နီရဲနေသော အကွက်များသာလည်း တွေ့ ရနိုင်ပါသည်။ ဆိုရီ‌ရေးစစ် လူနာများသည် အရေပြားမယားတတ်သူများ ရှိသကဲ့ သို့ နည်းနည်းယားသူများနှင့် အလွန် ယားတတ်သူများလည်း ရှိတတ်သည်။ အရေပြားများ နာနေတတ် သည့်အပြင် အရေပြားခြောက်သွေ့ ခြင်းကြောင့် အသားတင်းနေသလို၊ နေမထိထိုင်မသာလည်း ခံစားကြရပါသည်။

 

*** ဆိုရီယားစစ်ပုံစံအမျိုးမျိုး-

 

(၁)အနီကွက်များအပြင်၊ ပြည် တည်သော ဆိုရီ‌ရေးစစ်။

(၂)လက်ခြေတို့တွင်သာဖြစ်သော ဆိုရီ‌ရေးစစ်။

(၃)အဆစ်အရိုးတွင်ဖြစ်သော ဆိုရီရေးစစ်နှင့်

(၄)အစက်အပေါက်လေးများပုံစံ ဆိုရီရေးစစ်ဟု အမျိုးမျိုးတွေ့ရနိုင်ပါ သည်။

**** ရောဂါအဖြစ်များသည့်နေရာများမှာ-

တံတောင်၊ ဒူး၊ ဦးရေပြား၊ ဂျိုင်းကြား၊ ပေါင်ကြားတို့နှင့် လက်ဖဝါး၊ ခြေဖဝါးနှင့် လက်သည်း၊ခြေသည်းတွင်လည်း ဖြစ်တတ်ပြီး ၊ခန္ခာကိုယ်နှင့်ခြေလက်များ တွင်လည်း တွေ့နိုင်ပါသည်။ အဆစ်ရောင်ရမ်းခြင်း၊ အဆစ်ပုံပျက်ခြင်း များ ဖြစ်တတ်သလို၊ဆိုရီရေးစစ် ရောဂါရှင်အများစုသည် တစ်ခြား ကိုယ်ခန္ဓာအင်္ဂါများ ထိခိုက်ခြင်းမရှိသော်လည်း နှလုံးရောဂါ၊ ကိုယ်တွင်း အဆီတက်ခြင်းနှင့် သွေးတိုးရောဂါ များရှိခြင်း၊ ဆိုရီရေးစစ် ရောဂါကို အဝလွန်သောသူများ ၊ဆီးချို၊သွေးချို နာတာရှည်ဝေဒနာရှင်များတွင် အလွန်ပင် ဖြစ်တတ်သည်ကိုလည်း တွေ့ရှိရသည်။

 

နာတာရှည် ခံစားရလေ့ရှိသော ထိုရောဂါကြောင့် ဝေဒနာရှင်များတွင် စိတ်ဓာတ်ကျဆင်းခြင်း၊ စိတ်ဖိစီးမှုများ ခြင်း ဖြစ်တတ်ပြီး စိတ်ခံစား ချက်ကြောင့် ဆိုရီရေးစစ်ရောဂါလက္ခာမှာ ပိုဆိုးလာတတ်ပါသည်။ သတိပြု သိထားရမည့်အချက်သည် ဆိုရီရေးစစ် အရေပြားရောဂါသည် အရေပြားကင်ဆာအဖြစ်လည်း မပြောင်းလဲနိုင်သလို  နေရောင်ခြည်နဲ့ ထိတွေ့ပါက ရောဂါကို သက်သာစေနိုင်ပြီး၊ အနာကြီးရောဂါ၊ ကာလသားရောဂါတို့နဲ့လည်း ဆက်နွယ်မှု မရှိပေ။

 

*** ဆိုရီယားစစ်ရောဂါကို ပိုဆိုးစေသော အရာများ

 

ထိခိုက်ဒဏ်ရာရခြင်း၊ ကုတ်ဖဲ့ပွတ်တိုက်ခြင်း၊ ကိုယ်တွင်းပိုးဝင်ခြင်း၊ (လည်ပင်းနာခြင်း၊ ဖျားခြင်း၊ အေအိုင်ဒီအက်စ်ရောဂါ) ဆေးလိပ်၊ အရက်သောက်ခြင်း၊ စိတ်ဖိစီးမှုများခြင်းတို့ကြောင့် ပိုဆိုးတတ်ပါသည်။ နေရောင်သည် ဆိုရီရေးစစ်လူနာ ၉၀% ကို သက်သာစေတတ်သော် လည်း ၁၀% ကို တော့ ပိုဆိုးစေတတ်ပါသည်။ အဝလွန်ခြင်း၊ ဆီးချို၊ သွေးချိုရောဂါ ဖြစ်ခြင်းနှင့် တချို့သောဆေးများ ဖြစ်သည့် စတီးရွိုက်စားဆေး၊ ထိုး ဆေးများ၊ အကိုက်အခဲသက်သာစေ သောဆေးများ၊ သွေးကျဆေးမျိုးဖြစ် သည့် ဘီတာဘလောကာ၊ Angio-tensin converting enzyme inhibitor နှင့် ငှက်ဖျားဆေးစသည့် ‌နေ့စဉ်သောက်နေရသောဆေး တို့သည်လည်း ယင်းရောဂါကို  ပိုမိုဆိုးဝါးစေတတ်သည်။ အမျိုးသမီးများတွင် လည်း ဟော်မုန်းပြောင်းလဲခြင်းကြောင့် ရောဂါပိုဆိုးစေတတ်သည်။

 

*** ဆေးကုသနည်းများ

 

ဆွေးနွေးညှိနှိုင်း၊ ရှင်းပြခြင်းသည် ဆိုရီရေးစစ်ရောဂါအတွက် မပါမပြီးသော ပဏာမလမ်းစဉ်ဖြစ်ပြီး၊ လူနာ၏ အသက်အရွယ်၊ အခြားရောဂါရှိနေခြင်းနှင့် ဖြစ်ပွား နေသော ဆိုရီရေးစစ်အရေပြားနေရာ အနည်းအများကို မူတည်ပြီး၊ ဆေး ကုသနည်းရွေးချယ်ခြင်းသည် အလွန်အရေးကြီး‌သော အချက်ဖြစ်သည်။

 

ဆေးကုသသောအခါ ဆေးတစ်ခုတည်းကုသနည်းထက် ဆေးများပေါင်းကာ နည်းလမ်းပေါင်းစုံကုသ နည်းက ပိုမိုထိရောက်ပါသည်။ ကိုယ်ခံစွမ်းအားစနစ်နှင့် ပတ်သက်သော ဆေးများအပြင် ငါးကြီးဆီ (Mega 3) နှင့် ဗိုက်တာမင်ဒီတို့ကိုလည်း အထောက်အကူဆေးများအဖြစ် အသုံးပြုကုသ၍ရသလို နေရောင်ကိုအသုံးပြုကာ စားဆေး သောက်ဆေး ကုသနည်းနှင့် စက်ကရိယာများသုံးကာ အလင်းပြကုထုံးနည်းများ၊ Eximer laser နည်းများဖြင့် အောင်မြင်စွာ ကုသနိုင်ပါသည်။ဆိုရီရေးစစ်ရောဂါသည် မကူးစက်တတ်သော၊ နာတာရှည်အရေပြားရောဂါ တစ်မျိုးဖြစ်ပြီး၊ လူနာများ၏ ရုပ်ပိုင်း ဆိုင်ရာသာမက၊ စိတ်ပိုင်းဆိုင်ရာကို လည်း ထိခိုက်စေသောကြောင့် ဂရုစိုက်ရန်လိုအပ်သည်။

 

ထို့အပြင် ဆိုရီရေးစစ်ရောဂါအား ကာကွယ်မရပါ။ ထို့ကြောင့် ဆိုရီရေးစစ်ဝေဒနာခံစားနေရသော လူနာများကို နားလည်၊ ဖေးမ၊ ကူညီပြီး ဂရုစိုက်မှုကို ပြသပြီးမှ ကုသ‌နိုင်ရန်အတွက် တိုက်တွန်းပေးကြရန် အထူးပင်လိုအပ်လှသည်။

 

*** ဆိုရီရေးစစ် (Psoriasis) အရေပြား ရောဂါရဲ့ လက္ခဏာမှာ

 

အမည်လွဲ-ဆယ်‌ကျော်သက် အ၀လွန်နေသော မပန်း၏ရောဂါဖြစ်စဉ်တချို့

“ဆိုရီရေးစစ်(Psoriasis) မှာ ဖြစ်လိုက် ပျောက်လိုက်ဖြစ်တာလားမသိဘူး၊ သမီးက အရမ်းရှက်ပြီး တွေ့ကရာ ဆေးမြီးတိုတွေနဲ့ လိမ်းကြည့် ၊ကုကြည့်လိုက်တော့ ပထမပျောက်သွားတယ် ၊ဒါပေမဲ့ တစ်ပတ်မကြာဘူး အများကြီး ပြန်ထွက်လာပြီး အတော်လေးလည်း ပိုယားယံလာတယ်။ အဲ့ကြမှ ကြောက်ပြီး အရေးပြား ဆရာ၀န်ဆီပြေးတော့တာ အဲ့အရေပြား ကုရတာတော့ကြာတယ် စိတ်ရှည်ရှည်နဲ့ ဆေးပုံမှန်ထည့်ပြီး မပျင်းရိရင် မြန်မြန်ပျောက်ပါတယ် ၊ဒါပေမဲ့ နာတာရှည် အရေပြားရောဂါလို့ ပြောရမယ်၊ ခဏခဏတော့ပြန်ဖြစ်တယ် ၊ဖြစ်တိုင်းလည်း ဆရာ၀န်က ဆေးပေးတာ မတူဘူး စိုးရိမ်စရာတော့ မရှိပါဘူး” ဟု သူ၏ ဖြစ်စဉ်အား မပန်းမှ CJ Platform စာဖတ်ပရိသတ်များအတွက် ဖြေကြားပေးထားသည်။

 

*** ဆိုရီရေးစစ်(Psoriasis) နှင်းခူရောဂါ အတွက်ဆောင်ရန်၊ ရှောင်ရန် အစားသောက်များ

 

ဆိုရီရေးစစ်ရောဂါ ( Psoriasis )သည် Celiac disease ဟုခေါ်သည့် ရောဂါတစ်မျိုးနှင့်လည်း ဆက်စပ်နေတတ်ခြင်းကြောင့် အဲ့ဒီ Celiac disease ကို ဖြစ်စေသည့် ဂလူတန်ဓာတ် ( Gluten) ပါဝင်သော အစားအစာများကိုလည်း သတိထားပြီး ရှောင်ကြဉ်သင့်သည်။

 

ဂလူတန်ဓာတ် ဆိုသည်မှာ ပရိုတင်းဓာတ် တစ်မျိုးဖြစ်‌သော ဂျုံ၊ ဘာလီ၊ ရိုင်းစပါး (rye) များတွင် ပါဝင်တတ်သည်။ မိမိတွင်  Celiac disease ရှိနေသည်ဟု သိရှိပါက ဂလူတန်ဓာတ်များပါဝင်သည့် ပေါင်မုန့်၊ အချိုရည်၊ အသုပ်များကိုလည်း ရှောင်ကြဉ်ရမည်ဖြစ်သလို ဂလူတန်ဓာတ် မပါသည့် အချိုရည်များကိုတော့ အချိုထုတ်လုပ်သူများက Gluten Free ဟု အသိပေးစာများ ရေးသားပေးထားတတ်ကြသည်။ ၎င်းအချိုအရည်အမျိုးအစားများကိုသာ ဝယ်ယူစားသောက်သင့်သည်။

 

*** ဖြစ်နိုင်ရင် ဒါတွေရှောင်ကြဉ်မယ်

၁။အချိုမှုန့်၊

၂။ဂလူတန်ဓာတ်များပါဝင်သည့် အချိုရည်နှင့်ရေခဲမုန့် ၊အားဖြည့်အချိုရည် အမျိုးမျိုး

၃။အချိုသီး (သရက်သီး၊ဖရဲသီး၊နာနတ်သီး)

၄။ဂလူတန်ဓာတ်များပါဝင်သည့် ကိတ်မုန့်နှင့်ကွတ်ကီး၊ဂျုံပေါင်မုန့်အမျိုးမျိုး

၅။သကြားနှင့် ဓာတုဗေဒ အချိုလွန်ကဲသောအရသာပိုအမှုန့်များ

၆။ကောက်ညှင်းနှင့် ဆီကြော်အစားအစာ၊

၇။အရောင်လှစေရန် ဖြူအောင် ချွတ်ထားသည့်ဆား၊

၉။ခေါက်ဆွဲခြောက် တာရှည်ခံ အစားအစာအမျိုးမျိုး၊

၁၀။ငပိ၊ ငံပြာရည်၊ကြက်ဥနှင့် ပဲမျိုးစုံ၊

၁၁။အရက်၊ ဘီယာ၊

၁၂။အာလူး၊ပြောင်းဖူး၊ ခရမ်းသီး၊ ခရမ်းချဉ်သီး(Nightshade Vegetable)  အဆီအနှစ်များပြားလွန်းသော အစားစာများနှင့် ယားယံတတ်စေသော အသားငါးနှင့် အသီးနှံများကိုလည်း ရှောင်ကြဉ်ရန် လိုအပ်သည်။

 

*** ဖြစ်နိုင်ရင်တော့ ဒါတွေ စားမယ်

၁။ rock salt (or) sea salt (or) ဆားကြမ်း

၂။အရွက်စိမ်းကြိတ်ရည် အရိုးပြုတ်ရည်

၃။ apple cider vinegar ဇွန်းသေး တဇွန်း ရေ တဖန်ခွက်နဲ့ ရောပြီး ထမင်းမစားခင် ၂ ကြိမ်

၄။ နွယ်ချို၊ ရှားစောင်းလက်ပတ် ဂျယ်လီ

၅။ အိမ်လုပ်ချဉ်ဖတ်၊ အိမ်လုပ် ဒိန်ချဉ် စသဖြင့် နေ့စဉ်ပုံမှန်စားသောက်ပေးခြင်းသည်လည်း ကာကွယ်ခြင်း တစ်မျိုးဖြစ်ပါသည်။

 

*** ဖြစ်နိုင်မယ်ဆိုရင်တော့ ဒါတွေလုပ်မယ်

 

၁။နေ့စဉ် မိနစ် ၃၀ ခန့် လေ့ကျင့်ခန်းလုပ်ဆောင်ခြင်း

၂။ နေပူစာလှုံခြင်း၊ မြေဓာတ်ယူခြင်း

၃။ အိပ်ရေး ဝအောင် အိပ်ခြင်း စိတ်ဖိစီးမှု နည်းနိုင်သမျှ နည်းအောင် နေခြင်း

၄။ပုံမှန် နာတာရှည်အတွက် သောက်သုံးနေသောဆေးများကို ဆရာ၀န်နှင့်တိုင်ပင်၍သောက်သုံးခြင်း

၅။Vitamin D3 5000iu + k2 100mcg

၆။ probiotic 30 billion

၇။ magnesium malate (or) citrate 400 mg

၈။ Digestive enzymes

၉။L glutamine powder

၁၀။Coq10 200 mg

၁၁။ zinc 50 mg

၁၂။selenium 200 mg

၁၃။ cod liver oil + ဆနွင်း

၁၄။N Acetyl L Cysteine 600mg

၁၅။ သိုင်းရွိုက်ဟော်မုန်း နည်းတဲ့ လက္ခဏာ ရှိပါက metabolic advantage ၂ လုံးမှ ၆ လုံးအထိ or Thyroid Glandular  သောက်ခြင်း

မဖြစ်ခင် ရသလောက် လိုက်နာပြီး ဆောင်ရန်၊ရှောင်ရန်များကို စနစ်တကျ လိုက်နာကျင့်သုံးပါက နာတာရှည် အရေပြားရောဂါဖြစ်သော ဆိုရီရေးစစ်(Psoriasis)နှင်းခူ အနာသည်သက်သာပျောက်ကင်းနိုင်သလို ဖြစ်ပွားမှုနှုန်းမှာလည်း အလွန်ပင် နည်းသွားနိုင်ကြောင်းကို CJ Platform မှ ရေးသားဖော်ပြတိုက်တွန်းရခြင်း ဖြစ်ပါသည်။