အရက်မူး၍ အုတ်ခုံပေါ်ထိုင်နေရာမှ ရေနုတ်မြောင်းအတွင်း နောက်ပြန်ပြုတ်ကျကာ အမျိုးသားတစ်ဦး သေဆုံး

Author မေ
Categories
Published on Dec 06, 2022

လှိုင်သာယာမြို့နယ်၌ အရက်မူး၍ အုတ်ခုံပေါ်ထိုင်နေရာမှ ရေနုတ်မြောင်းအတွင်း နောက်ပြန်ပြုတ်ကျသည့် အမျိုးသားတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၅ရက် ညပိုင်းက လှိုင်သာယာမြို့နယ်၊ ၁ရပ်ကွက်၊ စောဘရီလမ်းနှင့် ဦးပုညလမ်းထောင့်ရှိ အုတ်ခုံတစ်ခု၌ အသက် ၃၈နှစ်အရွယ် အမျိုးသားတစ်ဦးမှာ အရက်မူး၍ ထိုင်နေခဲ့ကြောင်း သိရသည်။ ထိုသို့ အုတ်ခုံပေါ်ထိုင်နေရာမှ အုတ်ခုံအောက်ရှိ ရေမြောင်းအတွင်း နောက်ပြန်လှန်၍ ပြုတ်ကျရာမှ ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

” မီးပြတ်နေတော့ ဘယ်သူမှ မသိလိုက်တာ။ သူက အဲ့ဒီအနောက်လမ်းမှာနေတာ။ အရက်မူးနေတော့ အုတ်ခုံပေါ်ထိုင်နေရင်း နောက်ပြန်လှန်ပြီး မြောင်းထဲပြုတ်ကျသွားတာ။ ရေကဒူးခေါင်းလောက်ဘဲရှိတာ။ ခေါင်းနဲ့ နွံနဲ့ စိုက်ပြီး သေဆုံးသွားတာ”ဟု ဂရုဏာတွဲလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

သေဆုံးသူအလောင်းအား လှိုင်သာယာဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၁ရက်နေ့ ညပိုင်းကလည်း ပဲခူးတိုင်း၊ မင်းလှမြို့နယ်၌ အရက်မူး၍ ရထားလမ်းပေါ် လမ်းလျှောက်နေသော အမျိုးသားတစ်ဦးအား မောင်းနှင်လာသော ရထားက ဝင်တိုက်မှုကြောင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးမှု ဖြစ်ပွားခဲ့သည်။
ဓာတ်ပုံ- ဂရုဏာတွဲလက်လူမှုကူညီရေးအသင်း
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #လှိုင်သာယာ #အရက်မူး #ရေမြောင်း