အမေရိကန် Bully အမျိုးအစား ခွေးကြီးများ မွေးခွင့်အား အင်္ဂလန် နှင့် ဝေလ်း တို့တွင် ပိတ်ပင်တော့မည်

Author လင်းနွေဦး
Categories
Published on Nov 01, 2023

လာမည့်နှစ် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နေ့မှ စတင်ကာ အမေရိကန် bully အမျိုးအစား ခွေးကြီးများအား မွေးရန် အတွက် ပိတ်ပင်တော့မည်ဖြစ်ပြီး တရားဝင် မွေးခွင့်ရရန် အတွက် ဥပဒေအရ ကင်းလွတ်ခွင့် ဖောင် တင်ရမည် ဖြစ်ကြောင်း BBC မှ ဖော်ပြသည်။

 

ယခုလို အချိန်ပေးခြင်း သည် လက်ရှိ မွေးထားသော ပိုင်ရှင်များအတွက် အထီးများ အား သင်းကွပ်ရန် အချိန် ပေးထားခြင်း ဖြစ်ကာ လာမည့်နှစ် ဇန်နဝါရီမှ စတင်ကာ ခွေးများဖြင့်အပြင်ထွက်ပါက မကိုက်နိုင်စေရန် နှုတ်သီးစွပ် စွပ်ရမည် ဖြစ်ပြီး ပိုင်ရှင်များမှလည်း ကြိုးဖြင့်သေချာ ထိန်းကျောင်းရမည် ဖြစ်သည်။

 

မကြာမီ ရောက်ရှိလာတော့မည့် ဒီဇင်ဘာ ၃၁ ရက် နေ့ မှ စတင်ကာ bully ခွေးကြီးများအား ရောင်းချ ခြင်း ၊ စွန့်ပစ်ခြင်း ၊ မွေးစားခြင်း၊ လက်ဆောင်ပေးခြင်းတို့အပြင် နှုတ်သီးစွပ်နှင့် ထိန်းကြိုး မပါဘဲ လူကြားထဲ သွားလာခြင်းတို့ပြုလုပ်ခြင်းသည် ဥပဒေချိုးဖောက်ရာ ရောက်မည် ဖြစ်ကြောင်း သိရသည်။

 

ထုတ်ပြန် လာသော ဥပဒေ အရ လက်ရှိ မွေးထားသော ခွေးမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့တွင် ၁ နှစ်အောက် ငယ်နေ ပါက၂၀၂၄ ဒီဇင်ဘာ ၃၁ ရက် နေ့တွင် သင်းကွပ်ပြီး ဖြစ်ရမည် ဖြစ်ပြီး မိမိ၏ ခွေးမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရင်နေ့တွင် ၁ နှစ်ထက် ကြီးနေပြီ ဖြစ်ပါက ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား သင်းကွပ်ရမည် ဖြစ်သည်။

 

ထို Bullyခွေးအမျိုးအစား အတွက် လမ်းညွှန်ချက်များမှာ အန္တရာယ် ရှိသော ခွေးများ ဥပဒေ (Dangerous Dogs Act:1991) အရ တားမြစ်ခံထားရသော အမေရိကန် Pit bull အမျိုးအစား၊ ဂျပန် Tosa အမျိုးအစား၊ Dogo Argentinos အမျိုးအစား နှင့် Fila Brazileiro အမျိုးအစား စုစုပေါင်း ခွေး (၄) မျိုးနှင့် ဆင်တူကြောင်း သိရသည်။

 

ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်နေ့ ၌ Walsall(ဝလ်ဆယ်လ်မြို့)၌ အမျိုးသားတစ်ဦး သေဆုံးမှုတွင် Bully ခွေး ကိုက်ခံရမှုကြောင့် ဟု ယူဆ နိုင်ပြီး ထိုနေ့မတိုင်မှီ ရက်ပိုင်းများတွင်လည်း ဘာမင်ဂန် ၌ ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး လူကြီး ၂ ယောက် နှင့်အတူ လမ်းလျှောက်နေစဉ် Bully ခွေး ၏တိုက်ခိုက်ခြင်း ခံခဲ့ရသည်။

 

၂၀၂၁ ခုနှစ် တွင် လည်း ၁၀ နှစ် အရွယ် ဂျက်လစ် ဟု အမည် ရသော ကောင်လေး သည် အင်္ဂလန်ရှိ Caerphilly မြို့တွင် Bully ခွေးတစ်ကောင် ၏ တိုက်ခိုက်မှုကြောင့် လည်ပင်းနှင့ ခေါင်းတို့တွင် ပြင်းထန်သော ဒဏ်ရာများရရှိကာ သေဆုံးခဲ့ရကာ ပိုင်ရှင် နှစ်ဦးမှာ တရားစွဲဆိုခံရပြီးနောက် ထောင်ဒဏ်ချမှတ် ခံခဲ့ရသည် ။

 

အင်္ဂလန်၏ တိရစ္ဆာန် ထိန်းသိမ်းရေးဆိုင်ရာ အရာရှိချုပ်ဖြစ်သူ Christine Middlemiss (ခရစ်စတင်း မီဒလ်မစ်) မှ ” အမေရိကန် Bully တွေဟာ ခွေးကလေး အမျိုးအစားမဟုတ်ပေမဲ့ ထုတ်ပြန်တဲ့ လမ်းညွှန် မှု တွေက ပိုင်ရှင်တွေကို သူတို့ရဲ့ Bully ခွေးတွေကို သေချာတဲ့ ထိန်းသိမ်းရေးအစီအစဉ်တွေနဲ့ မွေးခွင့်ပြုမှာ ဖြစ်ပါတယ်” လို့ BBC Media အား ပြောကြားခဲ့သည်။

 

တရားဝင် မွေးခွင့်ရရန် အတွက် ပိုင်ရှင်များအနေဖြင့် ဥပဒေအရ တရားဝင်ကင်းလွတ်ခွင့်ဖောင်အား ဝယ်ယူ ဖြည့်သွင်းရမည်ဖြစ်ပြီး ယူရို ၉၂ဒဿမ၄၀ ပေါင် ကျသင့်မည် ဖြစ်ကြောင်းသိရသည်။

 

ယခုအခါ အင်္ဂလန်၌ တရားဝင်စာရင်းမရှိသော ခွေးပေါင်း သောင်းကျော်သည် ပိုင်ရှင်များနှင့် နေထိုင်လျက်ရှိပြီး ကုမ္ပဏီများ၌ အာမခံထားရှိကာ သင်းကွပ်ပြီး လည်ပတ် ၌ Microchip ပြားများ ထည့်သွင်းထားသော တရားဝင် စာရင်း ရရှိထားသည့် ခွေးများမှာ မူအကောင်ရေ ၃၅၀၀ ခန့် ရှိကြောင်း အစိုးမှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။

 

Photo- NationalWorld