အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် မိုက် ဂျွန်ဆင်ကို လွှတ်တော်အတည်ပြု၊ သမ္မတ ဂျိုး ဘိုင်ဒင်က အစ္စရေး-ဟားမက်စ်အရေး ခေါ်ယူဆွေးနွေး

Author လင်းနွေဦး
Categories
Published on Oct 27, 2023

သုံးပတ်ကျော်ကြာလစ်လပ်နေသော အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နေရာကို Mike Johnson(မိုက် ဂျွန်ဆင်)ကို အမေရိကန်ကွန်ဂရက်မှ အတည်ပြုခန့်အပ်လိုက်ပြီဖြစ်သည်။

ရီပတ်ဘလစ်ကန်ပါတီက အဆိုပြုခြင်းခံရသူ Mike Johnson(မိုက် ဂျွန်ဆင်)ဟာ အောက်တိုဘာ ၂၅ ရက်နေ့ နေ့လယ်ပိုင်းက အောက်လွှတ်တော်တွင်မဲခွဲဆုံးဖြတ်ခဲ့ရာတွင် အနိုင်ရရှိကာ ဥက္ကဋ္ဌဖြစ်လာခဲ့ခြင်းဖြစ်သည်။

မိုက်ဂျွန်ဆင်သည် မဲခွဲရာ၌ လိုအပ်သော ၂၁၇ မဲ ထက် ၃ မဲ ကျော် လွန် ကာ ၂၂၀ မဲဖြင့် ပြိုင်ဘက်ဒီမိုကရက်တစ်ပါတီ မှ အဆိုပြုခြင်းခံရသူ Hakeem Jeffries(ဟက်ခ်ကမ် ဂျက်ဖ်ဖရီးစ်)၏ ၂၀၉ မဲကို ကျော်ဖြတ်ကာ အောက်လွှတ်တော် ၏ ၅၆ ယောက်မြောက် ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

အံဩစရာအချက်မှာ မိုက်ဂျွန်ဆင်ဥက္ကဋ္ဌ၏ မဲအနိုင်ရလဒ် များနောက်တွင် တရားရင်ဆိုင်နေရသည့် ယခင်အမေရိကန် သမ္မတဟောင်း ဒေါ်နယ် ထရန့် ၏ အကူအညီများပါရှိနေပြီး မည်ကဲ့သို့ အပေးအယူများ ပြုလုပ်ခဲ့သည်ကိုမူ မသိရှိရချေ။

မိုက်ဂျွန်ဆင် ဥက္ကဋ္ဌ ဖြစ်လာပြီးနောက် ကျမ်းသစ္စာကျိန်ဆို ခြင်းကို အောက်လွှတ်တော်တွင်ပင် ပြုလုပ်ခဲ့ပြီး အမေရိကန် သမ္မတနှင့်အတူ အိမ်ဖြူတော်မှ ဂုဏ်ပြုကြောင်း စာတစ်စောင် ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်စာအတွင်း “သမ္မတ ဂျိုးဘိုင်ဒင်မှ အောက်လွှတ်တော် ဥက္ကဋ္ဌသစ် မိုက်ဂျွန်ဆင်ကို ဂုဏ်ပြုစကားပြောကြားရန် အောက်တိုဘာ ၂၅ ရက် ညနေပိုင်း၌ ခေါ်ယူခဲ့ပြီး အမေရိကန် ပြည်သူလူထု ကိုယ်စားပြုကာ မြေပြင်လုပ်ငန်းများ တွဲဖက်လုပ်ဆောင်ရန် ဆွေးနွေးကြမည် ” ဟု ဖော်ပြခဲ့သည်။

BBC Media ၏ဖော်ပြချက်အရ သမ္မတ ဂျိုးဘိုင်ဒင်နှင့် အစိုးရအဖွဲ့သည် အစ္စရေး၊ ယူကရိန်းနှင့် အခြားသော ဒေသနိုင်ငံများကိုကူညီရန် လွှတ်တော်ကွန်ဂရက်ကို ဒေါ်လာ ၁၀၈ ဘီလီယံ တောင်းဆိုထားမှုနှင့်ပတ်သက်၍ ဥက္ကဋ္ဌသစ်ဖြစ်လာသူ မိုက်ဂျွန်ဆင်နှင့် ဆွေးနွေးညှိနှိုင်းမှု များပြုလုပ်ခဲ့သည်ဟု သိရသည်။

ယခုအခါ အမေရိကန်ပြည်‌ထောင်စုသည် လက်ရှိ ဖြစ်ပွားနေသော အစ္စရေး-ဟားမက်စ်အရေးတွင် အစ္စရေးဘက်မှ ရပ်တည်နေသကဲ့သို့ ရုရှား၏ ကျူးကျော်စစ်ခံနေရသော ယူကရိန်းအပေါ်လည်း အကူအညီများ နည်းလမ််််််းမျိုးစုံ ဖြင့်ပေးလျက်ရှိကာ ၎င်းတို့၏ နိုင်ငံတကာအပေါ် အမေရိကန် သက်ရောက်မှု မူဝါဒကို အကောင်ထည်ဖော်လျက်ရှိသည်။

Related News

Depend on news